COLUMBIA, S.C. South Carolina တွင် Hurricane Helene ကြောင့်ထိခိုက်ခဲ့သော အိမ်ပိုင်ရှင်များနှင့်အိမ်ငှားများသည် ဂျန်နဝါရီလ 7 ရက် 2025 ခုနှစ် ည 11:59 နာရီ အချိန်တိုင်အောင် ဖက်ဒရယ် သဘာဝ ဘေးအန္တရာယ်အထောက်အပံ့အတွက် လျှောက်ထားနိုင်ကြပါသည်။ သတ်မှတ်ထားသော ဧရိယာများရှိ အသက်ရှင် ကျန်ရစ်သူများသည် ဖြစ်နိုင်သမျှ မြန်ုမြန်လျှောက်ထားကြရန် FEMA မှတိုက်တွန်းပါသည်။
FEMA အထောက်အပံ့တွင်ပါဝင်သည်များမှာ သင်၏နေအိမ်တွင် နေထိုင်ရန် မဖြစ်နိုင်သေးမီ ယာယီနေထိုင်ရန်အတွက် ရံပုံငွေများ၊ ဥပမာ ငှားရမ်းမှု အထောက်အပံ့ သို့မဟုတ် ဟော်တယ်စရိတ်ပြန်လည်ပေးခြင်း၊ သင်၏ မူလ နေအိမ်ကိုပြင်ဆင်ရန် သို့မဟုတ် ပြန်လည်အစားထိုးရန်အတွက် အကူအညီ ပေးသောရံပုံငွေများ၊ ယင်းတွင်ပုဂ္ဂလိကပိုင်လမ်းများ ဥပမာအိမ်ဝင်ကားလမ်း များ၊ လမ်းများ၊ သို့မဟုတ် တံတားများပါဝင်သည်။ သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ့်ရသည့်အရေးကြီးလိုအပ်ချက်များ အသုံးစရိတ်အတွက် ရံပုံငွေ များ၊ ဥပမာ ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့် ယာဉ်များပြင်ဆင်ရန် သို့မဟုတ် အစားထိုးရန်၊ ရွှေ့ပြောင်းရန်နှင့် သိုလှောင်သိမ်းဆည်းရန်၊ ဆေးဘက်ဆိုင်ရာ၊ သွားဘက်ဆိုင်ရာ၊ ကလေးထိန်းစောင့်ရှောက်ရေး နှင့်အခြားသော အထွေထွေ ကိစ္စရပ်များဆိုင်ရာ ရံပုံငွေတို့ ဖြစ်သည်။
ထို့အတူ လယ်သမားများ၊ လယ်ယာ လုပ်ငန်းအလုပ်သမားများ၊ ကိုယ်ပိုင် လုပ်ငန်းရှင်တဦးချင်းစီနှင့် သစ်တောပိုင်ရှင်များစသည်တို့သည် သဘာဝဘေး အန္တရာယ်ကြောင့်ပျက်စီးသွားရပြီး အာမခံ လျော်ကြေးနှင့် အကျုံးမဝင်သည့် ကိရိယာများနှင့် လုပ်ငန်းသုံးပစ္စည်းများသည် အလုပ်ရှင်များက ယင်းပစ္စည်း များကို လိုအပ်ကြောင်း ပြသနိုင်ပါက ယင်းတို့ကို ပြန်လည်အစားထိုးရန် အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ကြပါလိမ့်မည်။
နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် ဂျန်နဝါရီလ 7 ရက် နောက်ပိုင်းတွင် လည်း သင့်အနေနှင့် သင်၏လျှောက်လွှာနှင့် ပတ်သက်၍ အထောက်အထား စာရွက် စာတမ်းများ၊ သင့်ထံဆက်သွယ်ရန် နောက်ဆုံးသတင်းအချက် အလက်များ ထပ်မံ၍တင်ပြခြင်း နှင့် FEMA နှင့် အဆက်အသွယ် မပြတ်ရှိနေခြင်းတို့ကို ဆက်လက် ဆောင်ရွက် နိုင်ပါလိမ့်မည်။ သို့သော် သင့်အနေနှင့် လျှောက်လွှာတင်သွင်းမှုကို သတ်မှတ်နောက်ဆုံးရက် မတိုင်မီတင်သွင်းရပါမည်။
- FEMA အထောက်အပံ့အတွက်ဘယ်လိုလျှောက်ထားရမလဲ။
- Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။
လျှောက်ထားရန် အမြန်ဆုံးနည်းလမ်းမှာ DisasterAssistance.govသို့ အွန်လိုင်းမှ လျှောက်ထားရန် ဖြစ်ပါသည်။ မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ် သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့်.ကိုရွေးချယ်ပါ။
FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။