South Carolina ရှိ Hurricane Helene ကြောင့် ထိခိုက်ရသူများအတွက် ဆေးဘက်ဆိုင်ရာ/သွားဘက်ဆိုင်ရာ အထောက်အပံ့ရရှိနိုင်ခြေရှိခြင်း

Release Date Release Number
NR-76
Release Date:
ဒီဇင်ဘာ 3, 2024

COLUMBIA, S.C. – အကယ်၍ သင်သည် Hurricane Helene ကြောင့် ရေရှည် ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် နာမကျန်းမှု ဖြစ်ခဲ့ပါက သင့်အနေနှင့် FEMA မှ ဆေးဘက်ဆိုင်ရာ/သွားဘက်ဆိုင်ရာ အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါလိမ့်မည်။

ဆေးဘက်ဆိုင်ရာ/သွားဘက်ဆိုင်ရာ အထောက်အပံ့သည် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သော ထိခိုက်ဒဏ်ရာရှိမှုနှင့် နာမကျန်းဖြစ်မှုများအား ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်မှုအတွက် အာမခံ မရှိသော ကုန်ကျစရိတ် များကို အကူအညီရရှိစေနိုင်သည်။ ထို့အတူ ဤငွေကြေးရံပုံငွေသည် Hurricane Helene ကြောင့် ပျက်စီးသော ဆေးဘက်ဆိုင်ရာ/သွားဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ နို့တိုက်ပစ္စည်း ကိရိယာများ သို့မဟုတ် ဆေးညွှန်းပေးထားသော ဆေးဝါးများ ပျက်စီးမှု သို့မဟုတ် ပျောက်ဆုံးမှု တို့ကို ပြန်လည်အစားထိုးရန်အကူအညီအဖြစ် အသုံးပြုနိုင်ပါသည်။ 

ဆေးဘက်ဆိုင်ရာ/သွားဘက်ဆိုင်ရာအထောက်အပံ့ထက် ပိုလွန်၍ FEMA သည် သင့်အနေနှင့် သတ်မှတ်အရည်အချင်းပြည့်မီနိုင်သည့် အခြားသော အမျိုးအစားများ များပြားသည့် အထောက်အပံ့ပုံစံများကိုလည်း သင့်အတွက် ကမ်းလှမ်းပါသည်။ မည့်သည့်အထောက်အပံ့သည် သင်နှင့် သတ်မှတ်အရည်အချင်း ကိုက်ညီသည် ကို ရှာဖွေတွေ့ရှိရန် သဘာဝဘေးအန္တရာယ် အထောက်အပံ့အတွက် သင်၏လျှောက်လွှာကို တင်သွင်းပါ။ Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။ 

သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်

  • အွန်လိုင်း DisasterAssistance.gov.သို့ သွားပါ။
  • လူကိုယ်တိုင်တွေ့ခြင်း ၊ မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာမဆို သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/DRC သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ DRC 29169).
  • သင်၏ဖုန်းတွင် FEMA mobile app. ကိုအသုံးပြုပါ
  • FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ 

လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့်  စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့်.ကိုရွေးချယ်ပါ။

FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။ 

Tags:
နောက်ဆုံးသတင်း