FEMA ထောက်ပံ့ကြေးအတွက် ခွင့်ပြုထားသော နောက်ထပ် Minnesota ကောင်တီများ

Release Date Release Number
DR-4797-MN NR-17
Release Date:
စက်တင်ဘာလ 13, 2024

ST. PAULMartin နှင့် Murray ကောင်တီများသည် ဇွန်လ 16 ရက်နေ့မှ ဇူလိုင်လ 4 ရက်နေ့အထိ ဖြစ်ပွားခဲ့သော ပြင်းထန်သည့် မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများအပြီး FEMA တစ်ဦးချင်းထောက်ပံ့ကြေးကို ယခု ခံစားခွင့်ရရှိပြီဖြစ်သည်။ 

Martin နှင့် Murray ကောင်တီများမှ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများသည် FEMA ထံမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထောက်ပံ့ကြေးကို ယခု လျှောက်ထားနိုင်ပါသည်။ ယခင်က FEMA တစ်ဦးချင်းထောက်ပံ့ကြေးကို ကောင်တီ 19 ခု အတွက် ခွင့်ပြုခဲ့ပါသည်။

FEMA ကို လျှောက်ထားရန်အတွက် အွန်လိုင်းတွင် DisasterAssistance.gov သို့ သွားရောက်နိုင်သည်။ သင့်ဖုန်းတွင် FEMA အက်ပ် ကို အသုံးပြုနိုင်သည် သို့မဟုတ် 800-621-3362 သို့ခေါ်ဆိုနိုင်သည်။ အကယ်၍ သင်သည် ဗီဒီယိုတစ်ဆင့်ခံဝန်ဆောင်မှု၊ စာသားထည့်ပေးသည့် တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားအရာများ အသုံးပြုပါက သင်လျှောက်ထားချိန်တွင် အဆိုပါဝန်ဆောင်မှုရရှိရန် သင့်နံပါတ်ကို FEMA အား ပေးအပ်ပါ။

ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအား ဖက်ဒရယ် ဘေးအန္တရာယ် ထောက်ပံ့ကြေးကိုလျှောက်ထားခြင်း၊ စာရွက်စာတမ်းများ အပ်လုဒ်လုပ်ခြင်း၊ ၎င်းတို့၏ မေးခွန်းများကို လူကိုယ်တိုင် ဖြေကြားခြင်း၊ ရရှိနိုင်သော အခြားအကူအညီ အမျိုးအစားများ ရယူခြင်းနှင့် ပိုင်ဆိုင်မှုများကို ဘေးအန္တရာယ်ဒဏ် ပိုမိုခံနိုင်စေရန် ပြုလုပ်ရေး လေ့လာသင်ယူခြင်းများတွင် အကူအညီပေးရန် ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး စင်တာများကိုလည်း ဖွင့်လှစ်ထားပါသည်။

ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာများ၏ တည်နေရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- 

Cottonwood ကောင်တီ- Cottonwood ကောင်တီ ရုံး အဆောက်အဦး 41385 U.S. Highway 71၊ Windom၊ MN 56101

Le Sueur ကောင်တီ-  Waterville မြို့တော်ခန်းမl 200 3rd Street South၊ Waterville၊ MN 56096

St. Louis ကောင်တီ-  St. Louis ကောင်တီ ဆောက်လုပ်ရေး သင်တန်းခန်းမ 7823 Highway 135၊ Virginia၊ MN 55792

Waseca ကောင်တီ- Waseca လူထု ဘေးကင်းလုံခြုံရေး စင်တာ 303 S. State St.၊ Waseca၊ MN 56093

ဖွင့်လှစ်ချိန်- တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် 9 နာရီမှ ညနေ 6:30 နာရီအထိ၊ စနေနေ့ နံနက် 9 နာရီမှ ညနေ 4 နာရီအထိ တနင်္ဂနွေနေ့များတွင် ပိတ်ပါသည် 

Minnesota တွင် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များအတွက် www.fema.gov/disaster/4797 သို့ သွားပါ။

Tags:
နောက်ဆုံးအချက်အလက်