FEMA ထောက်ပံ့ငွေကို ဝင်ငွေအဖြစ် မယူဆဘဲ ယင်းအတွက် အခွန် ပေးဆောင်ရန် မလိုပါ

Release Date Release Number
012
Release Date:
အောက်တိုဘာလ 20, 2021

နယူးယောက် လူမှုဖူလုံရေးထောက်ပံ့ငွေရရှိသူများ သို့မဟုတ် အခြား အစိုးရထောက်ပံ့ကြေးရရှိသူများသည် FEMA ဘေးအန္တရာယ်အကူအညီကြောင့် ၎င်းတို့၏ အကျိုးခံစားခွင့်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပူပင်စရာမလိုပါ။

အကယ်၍ သင်သည် Bronx, Kings, Nassau, Queens, Richmond, Rockland, Suffolk or Westchester ကောင်တီများတွင် နေထိုင်ပြီး ဟာရီကိန်းအိုင်ဒါတိုက်ခတ်ပြီးနောက် FEMA ထံမှ ဖက်ဒရယ်ဘေးအန္တရာယ်အကူအညီ လျှောက်ထားပါက သင်သည် သင်ရရှိထိုက်သော အခြားဖက်ဒရယ်အကျိုးခံစားခွင့်များကို ဆုံးရှုံးနိုင်ခြေ မရှိပါ။

FEMA ၏ဘေးအန္တရာယ် ထောက်ပံ့ငွေကို အခွန်ပေးဆောင်ရမည့် ဝင်ငွေဟု မယူဆပါ။ FEMA ထောက်ပံ့ငွေကို လက်ခံခြင်းသည် သင်၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်၊ မက်ဒီကဲ (Medicare)၊ မက်ဒီကိတ် (Medicaid)၊ အပိုဆောင်း အစားအသောက် ထောက်ပံ့ရေး အစီအစဉ် (SNAP) သို့မဟုတ် အခြားသော ဖက်ဒရယ် အကူအညီ အစီအစဉ်များ အပေါ် သက်ရောက်မှု မရှိပါ။

ဘေးအန္တရာယ်ထောက်ပံ့ငွေသည် အိုင်ဒါကြောင့် ထိခိုက်ပျက်စီးသည့် ပင်မအိမ်ကို ပြုပြင်ရန်၊ ယာယီနေထိုင်ရန်၊ ကိုယ်ပိုင်ပစ္စည်းများကို အစားထိုးရန်နှင့် အာမခံက လျော်မပေးသော သို့မဟုတ် အခြားသော အရင်းအမြစ်များထံမှ ရယူနိုင်ခြင်းမရှိသော ဘေးအန္တရာယ်ဆိုင်ရာ အရေးတကြီးလိုအပ်ချက်များ အတွက် ဖြစ်ပါသည်။

ဖက်ဒရယ် ဘေးအန္တရာယ်အကူအညီကို လျှောက်ထားနိုင်သည့် နည်းလမ်းများစွာ ရှိပါသည် -

DisasterAssistance.gov သို့ သွားပါ။ FEMA မိုဘိုင်းအက်ပ်ကို သုံးပါ သို့မဟုတ် FEMA အကူအညီကို ၈၀၀-၆၂၁-၃၃၆၂ တွင် ခေါ်ဆိုပါ။ အကယ်၍ သင်က VRS (ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ်)၊ စာသားပါဖုန်းအစီအစဉ် သို့မဟုတ် တခြား စနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။ အကူအညီ အော်ပရေတာကို မနက် ၈ နာရီမှ ည ၇နာရီအထိ တပါတ်လျှင် ၇ရက် ဖွင့်ထားပါသည်။ စပိန်ဘာသာစကားအတွက် ၂ ကိုနှိပ်ပါ။ သင့်ဘာသာစကားပြောသည့် စကားပြန်ကို ရရန် ၃ ကိုနှိပ်ပါ။

  • သင်သည် ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာ သို့ သွားပြီး FEMA ဝန်ထမ်းနှင့် အခြား ဖက်ဒရယ်နှင့် ပြည်နယ်အေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် ကိုယ်တိုင်တွေ့ပြီး ၎င်းတို့က ဘေးအန္တရာယ်ဆိုင်ရာ အကူအညီများနှင့် ပတ်သက်ပြီး အချက်အလက်များ ပေးနိုင်ပါသည်။ သင့်အနီးရှိ ပြန်လည်ထူထောင်ရေး စင်တာကို ရှာရန် DRC Locator (fema.gov) တွင် ကြည့်ပါ။
  • ရော့ခ်လန်ကောင်တီ ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာသည် နေ့စဉ် မနက် ၈ နာရီမှ ည ၇ နာရီအထိ အောက်ပါလိပ်စာတွင် ဖွင့်ပါသည်-
    • Orangetown Soccer Club Complex, 175 Old Orangeburg Road, Orangeburg, NY 10962
  • အောက်ပါစင်တာများသည် တနင်္လာမှ စနေအထိ မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်ပြီး တနင်္ဂနွေတွင် ပိတ်သည် -
  • Hostos College, 450 Grand Concourse, Bronx, NY 10451
  • Queens College, 152-45 Melbourne Ave., Queens, NY 11367
  • Medgar Evers College, 231 Crown St., Brooklyn, NY 11225
  • College of Staten Island, 2800 Victory Blvd., Staten Island, NY 10314
  • Michael J. Tully Park Physical Activity Center, 1801 Evergreen Ave., New Hyde Park, NY 11040
  • Rose Caracappa Senior Center, 739 NY-25A, Mount Sinai, NY 11766
  • Public Library, 136 Prospect Ave., Mamaroneck, NY 10543

FEMA ဘေးအန္တရာယ်ဆိုင်ရာ အကူအညီကို ဒီဇင်ဘာလ ၆ ရက်၊ တနင်္လာနေ့ နောက်ဆုံးထား လျှောက်ထားရမည်။

ထပ်ဆောင်း အွန်လိုင်းအရင်းအမြစ်များနှင့် FEMA လက်ကမ်းစာစောင်များကို DisasterAssistance.gov တွင် ကြည့်ပြီး "Information" ကိုနှိပ်၍ အချက်အလက်ရယူပါ။

ကွန်မြူနတီအခြေပြု လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အေဂျင်စီများသို့ လွှဲစာများအတွက် ၂၁၁ ကိုခေါ်ပါ သို့မဟုတ် https://www.211nys.org/contact-us သွားပါ။ နယူးယောက်တွင် နေထိုင်သူများ ၃၁၁ ကို ခေါ်ပါ။

နယူးယောက်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များအတွက် fema.gov/disaster/4615 တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 နှင့် www.facebook.com/fema တွင် ကြည့်ပါ။

Tags:
နောက်ဆုံးအချက်အလက်