သင့် SBA လျှောက်လွှာကို ဖြည့်စွက်ရန် အဓိကအကြောင်းရင်းများ

Release Date:
သြဂုတ်လ 20, 2024

FEMA အကူအညီအတွက် လျှောက်ထားပြီးနောက် အမေရိကန် အသေးစားစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု (U.S. Small Business Administration) မှလည်း မစောင့်ဆိုင်းဘဲ ချေးငွေလျှောက်ထားပါ။

FEMA ထောက်ပံ့ကြေးများအတွက် ထည့်သွင်းစဉ်းစားခံရရန် SBA ချေးငွေအတွက် လျှောက်ထားရန် မလိုအပ်သော်လည်း FEMA အကူအညီတွင် အကျုံးမဝင်သည့် ဘေးအန္တရာယ်ဆိုင်ရာ အသုံးစရိတ်များနှင့်ပတ်သက်၍ SBA ၏ အကူအညီကို သင်လက်လွတ်သွားနိုင်သည်။ 

SBA အစီအစဉ်များသည် အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများအပြင် အကြီးစားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ (တိုက်ခန်းပိုင်ရှင်များအပါအဝင်) နှင့် အကျိုးအမြတ်အတွက် ပြုလုပ်ခြင်းမဟုတ်သော အဖွဲ့အစည်းများကိုလည်း ကူညီနိုင်သည်။

အိမ်ပိုင်ရှင်များသည် ၎င်းတို့၏အိမ်ကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် $500,000 အထိ အတိုးနှုန်းသက်သာသော ချေးငွေရရှိရန် သတ်မှတ်ချက်ပြည့်မီနိုင်သည်။ အိမ်ငှားများနှင့် ဘေးအန္တရာယ်တွင် ကိုယ်ပိုင်ပစ္စည်းများ ဆုံးရှုံးသွားသည့် အိမ်ပိုင်ရှင်များသည် အဝတ်အစား သို့မဟုတ် ပရိဘောဂ - ယာဉ်တစ်စီးပင်လျှင် ကဲ့သို့သော ၎င်းတို့လိုအပ်သည့်အရာများကို အစားထိုးရန် $100,000 အထိ ချေးယူရန် သတ်မှတ်ချက်ပြည့်မီနိုင်သည်။

သင်သည် ဇွန်လ 16 ရက်မှ- ဇူလိုင်လ 4 ရက်အထိ ဖြစ်ပွားခဲ့သော မုန်တိုင်းများနှင့် ရေကြီးခြင်းကြောင့် ထိခိုက်ခဲ့သည့် Minnesota ၏ သတ်မှတ်ထားသော ကောင်တီများထဲမှတစ်ခုရှိ လုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်ပြီး ဘေးအန္တရာယ်အပြီး အကူအညီလိုအပ်နေပါက SBA မှ ကူညီပေးနိုင်သည့် အခွင့်အရေးကောင်းတစ်ခုရှိပါသည်၊ သို့သော် သင်အနေဖြင့် ဦးစွာလျှောက်ထားရပါမည်။ 

ဘေးအန္တရာယ်ဆိုင်ရာ သက်သာသော အတိုးနှုန်းကို ရရှိနိုင်ပါသည်။

SBA သည် သင့်ကိုယ်ပိုင်ဘတ်ဂျက်နှင့်ကိုက်ညီသည့် ချေးငွေကို ကမ်းလှမ်းနိုင်သည်။ အတိုးနှုန်းများသည် အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများအတွက် 2.688%၊ စီးပွားရေးလုပ်ငန်းများအတွက် 4.0% နှင့် အကျိုးအမြတ်အတွက် လုပ်ဆောင်နေခြင်း မဟုတ်သော အဖွဲ့အစည်းများအတွက် 3.25% အထိ နည်းပါသည်။ သင်၏ ပထမအကြိမ်ငွေပေးချေမှုကို 12 လအတွင်း မပေးရဘဲ ထို 12-လတာကာလအတွင်း မည်သည့်အတိုးမျှ ပေးရန်မလိုပါ။ လျှောက်ထားရန်အတွက် ကုန်ကျစရိတ်၊ ပွိုင့်များနှင့် အဖွဲ့အစည်းကြေးများ မရှိပါ။ ပေးဆပ်ရန် နှစ် 30 အထိ ရှိနိုင်ပြီး ချေးငွေကို စော၍ ဆပ်ပါက ကြိုတင်အကြွေးဆပ်မှုအပေါ် ဒဏ်ကြေးမရှိပါ။

ပျက်စီးသွားသောပစ္စည်းအပေါ် အပေါင်ထားပြီးသားဖြစ်ပါက SBA မှကျွမ်းကျင်သူများသည် သင်တတ်နိုင်သည့် အတိုးနှုန်း သက်သာသောချေးငွေရရှိအောင် ကူညီပေးနိုင်သည်။ ကိစ္စရပ်အချို့တွင် SBA သည် ရှိပြီးသားအပေါင်စာချုပ်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပိုမိုအကျိုးရှိစေမည့် သတ်မှတ်ချက်များနှင့် ပြန်လည်ပြင်ဆင်ပေးနိုင်ပါသည်။

SBA သည် ပြန်လည်ထူထောင်ရေးရန်ပုံငွေ၏ အကြီးဆုံးအရင်းအမြစ် ဖြစ်သည်။

SBA ဘေးအန္တရာယ်ချေးငွေများသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသူများအတွက် ပြည်ထောင်စု ဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးရန်ပုံငွေ၏ အကြီးမားဆုံးအရင်းအမြစ် ဖြစ်သည်။ SBA ဘေးအန္တရာယ်ချေးငွေများသည် အာမခံ၊ FEMA ထောက်ပံ့ကြေးများ သို့မဟုတ် အခြားအရင်းအမြစ်များမှ အပြည့်အဝ လျော်ကြေးမပေးနိုင်သည့် ဆုံးရှုံးမှုများကို ကာမိစေသည်။ လွတ်မြောက်လာသူများသည် SBA ချေးငွေ လျှောက်ထားရန်အတွက် အာမခံကြေးရရှိပြီးသည်အထိ မစောင့်သင့်ပါ။ ၎င်းတို့၏ အာမခံသည် ကနဦးနုတ်ယူငွေ သို့မဟုတ် ၎င်းတို့၏အိမ်ကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လိုအပ်သည့် လုပ်အားနှင့် ပစ္စည်းများအတွက် မလုံလောက်ကြောင်း ၎င်းတို့သိရနိုင်သည်။

နောင်လာမည့် ဘေးအန္တရာယ်ကြောင့်ဖြစ်နိုင်သည့် ထိခိုက်မှုများကို လျှော့ချရန် ရန်ပုံငွေများ ရရှိနိုင်ပါသည်။

သတ်မှတ်ချက်ပြည့်မီသော SBA ဘေးအန္တရာယ်ချေးငွေ ချေးသူများသည် နောင်လာမည့်ဘေးအန္တရာယ်များတွင် ထိခိုက်မှု လျော့ပါးရေး အစီအမံများအနေဖြင့် ၎င်းတို့၏အိမ် သို့မဟုတ် လုပ်ငန်းကို ပိုမိုခိုင်မာစေရေး ဆောင်ရွက်ရန် တိုးမြှင့် ရန်ပုံငွေရယူရန် ရွေးချယ်နိုင်သည်။ SBA ဘေးအန္တရာယ်ချေးငွေများကို ထိခိုက်မှုလျော့ပါးနိုင်စေရေး အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် 20% အထိ တိုးမြှင့်နိုင်သည်။

တရားဝင်ကြေညာထားသော ဘေးအန္တရာယ်တစ်ခုမှ ပြန်လည်ထူထောင်နေလျှင်ဖြစ်စေ၊ သင့်အိမ်နှင့် မိသားစု၊ လုပ်ငန်းနှင့် ဝန်ထမ်းများအား မည်သို့ကာကွယ်ရမည်ကို ကြိုတင်ပြီး စဉ်းစားပြီး စီမံဆောင်ရွက်နေလျှင်ဖြစ်စေ ထိခုက်မှုလျော့ပါးရေး အကူအညီသည် လုပ်ငန်းကို ပြန်လည်တည်ဆောက်ပြီး နဂိုအတိုင်းပြန်ဖြစ်စေရန် ကူညီပေးရုံသာမက နောင်ပျက်စီးမှုကို လျှော့ချ သို့မဟုတ် မဖြစ်စေရန် ပြုလုပ်ပေးသည့် သို့မဟုတ် အသက်များကို ကယ်တင်သည့် ပိုင်ဆိုင်မှုမြှင့်တင်ရန်အတွက်လည်း ငွေကို အသုံးပြုနိုင်သည်။

ချေးငွေတိုးမြှင့်မှုကို မပြုလုပ်နိုင်မီ ထိခိုက်မှုလျှော့ချရေး အစီအမံများအပေါ် SBA ခွင့်ပြုချက်ရရှိရန်ကို လိုအပ်သည်။ လျှောက်ထားရန် ကုန်ကျစရိတ်မရှိဘဲ ခွင့်ပြုပါက ချေးငွေကို လက်ခံရန် သင့်တွင် တာဝန်ဝတ္တရားလည်းမရှိပါ။

ပျက်စီးမှုများနှင့် မစီစဉ်ထားသော ကုန်ကျစရိတ်များကို ရှောင်ရှားနိုင်ရန် ရိုးရှင်းသော အရာများကပင် သင့်အိမ် သို့မဟုတ် လုပ်ငန်းကို ပိုမိုခိုင်မာစေရန် အားဖြည့်နိုင်ပါသည်။

 www.sba.gov/funding-programs/disaster-assistance တွင် SBA ဘေးအန္တရာယ် အကူအညီအကြောင်း ပိုမိုလေ့လာပါ။ Minnesota ရှိ ဘေးအန္တရာယ် ကယ်ဆယ်ရေးအကြောင်း ပိုမိုသိရှိရန် www.fema.gov/disaster/4797 သို့ ဝင်ရောက်ကြည့်ရှုပါ။

Tags:
နောက်ဆုံးသတင်း