အလိမ်အညာနှင့် ရိုက်စားများကို သတိပြုပါ

Release Date:
အောက်တိုဘာလ 4, 2021

ဘေးအန္တရာယ်ကြုံတွေ့ပြီးနောက်ပိုင်း ရိုက်စားများ၊ မိမိ၏ကိုယ်ရေးအချက်အလက်ခိုးယူသူများနှင့် အခြား ပြစ်မှုကျူးလွန်သူများသည် ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသူများအပေါ် အမြတ်ထုတ်ရန် ကြိုးပန်းလေ့ ရှိကြသည်။ ယင်းသို့သော လုပ်ရပ်ကို သတိနှင့် စောင့်ကြည့်ကြရန်နှင့် သံသယဖြစ်ဖွယ်လုပ်ရပ်များ တွေ့ရှိပါက သတင်းပို့ကြရန် ပြည်သူများအား ဖက်ဒရယ်နှင့် ပြည်နယ် အရေးပေါ်စီမံရေး အရာရှိများက တိုက်တွန်းပါသည်။

မသမာသူတို့သည် ဘေးအန္တရာယ်ကူညီရေးဆိုင်ရာ ဝန်ထမ်းများအဖြစ် ဟန်ဆောင်ပြီး ဘေးဒဏ်ခံခဲ့ရသူများ အပေါ် အခွင့်ကောင်းယူရန် ကြိုးစားခြင်း၊ သို့မဟုတ် ဆွေမျိုးများအဖြစ် သူတို့၏ လျှောက်လွှာများကို ကူညီ ဖြည့်သွင်းခြင်းများကိုပင် လုပ်ဆောင်ရန် ကြိုးပန်းလာကြသည်။

ဘေးအန္တရာယ်ကျရောက်ပြီးနောက်ပိုင်း တွေ့ရှိရသည့်လိမ်ညာမှုများတွင် အများအားဖြင့် အောက်ပါတို့ ပါဝင်သည်-

ပြည်နယ် သို့မဟုတ် ဖက်ဒရယ် အထောက်အပံ့အတုများ ကမ်းလှမ်းခြင်း - ဖက်ဒရယ်နှင့် ပြည်နယ် ဝန်ထမ်းများသည် ဆွဲဆောင်တိုက်တွန်းခြင်း သို့မဟုတ် ငွေကြေးလက်ခံခြင်း မပြုပါ။ FEMA နှင့် အမေရိကန် အသေးစား လုပ်ငန်းအုပ်ချုပ်မှု တာဝန်ရှိသူများသည် ဘေးအန္တရာယ်အထောက်အပံ့လျှောက်ထားမှု၊ စစ်ဆေးခြင်းများ သို့မဟုတ် လျှောက်လွှာဖြည့်ရန် ကူညီခြင်းတို့အတွက် ဘယ်သောအခါမှ ငွေကြေး တောင်းဆိုခြင်းမရှိပါ။

အတုအယောင် အိမ်စစ်ဆေးသူ- ဘေးအန္တရာယ်ဖြစ်ချိန်တွင် FEMA ကိုယ်စားလှယ်ဟန်ဆောင်၍ အပျက်အစီးများကို စစ်ဆေးသူအဖြစ် အတုအယောင် အိမ်စစ်ဆေးမှုများကို ကြုံတွေ့ရနိုင်သည်။ လာရောက် စစ်ဆေးသူ၏ အလုပ်အထောက်အထားကတ်ကို တောင်းကြည့်ပါ။ FEMA ဝန်ထမ်းများအားလုံးနှင့် ကွန်ထရက်ဖြင့် လုပ်ဆောင်သူများအားလုံးတွင် ပလတ်စတစ်လောင်းထားသော ဓာတ်ပုံပါသည့် တရားဝင်ကတ် ပါရှိသည်။ အိမ်အပျက်အစီးစစ်ဆေးသူများသည် လျှောက်ထားသူတစ်ဦးချင်း၏ FEMA လျှောက်ထားသည့် ဂဏန်း ကိုးလုံးပါ မှတ်ပုံတင်နံပါတ်ကို သိရှိသည်။ ကွင်းဆင်းစစ်ဆေးသူသည် လျှောက်ထားသူကို ဆက်သွယ်ပုံ နည်းအမျိုးမျိုး ရှိပါမည်။ ကွင်းဆင်းစစ်ဆေးသူသည် အစိုးရက ထုတ်ထားပေးသော ဖုန်း သို့မဟုတ် ဆဲလ်ဖုန်းဖြင့် ခေါ်ဆိုနိုင်သည်ဖြစ်ရာ လျှောက်ထားသူသည် မတူညီသော ဧရိယာကုဒ်နံပါတ်မှ ဖုန်းအဝင် ခေါ်ဆိုမှုကို လက်ခံရနိုင်သည်။ FEMA လျှောက်လွှာတွင် လျှောက်ထားသူက ထည့်သွင်းထားသည့် သတင်းအချက်အလက်ကို အသုံးပြု၍ စစ်ဆေးသူသည် စာတိုမက်ဆေ့ဂျ် သို့မဟုတ် အီးမေးလ်မှတစ်ဆင့်လည်း ဆက်သွယ်နိုင်သည်။ သို့သော် စစ်ဆေးသူသည် မည်သောအခါမှ စစ်ဆေးမှုအတွက် ငွေကြေးတောင်းခံမည် မဟုတ်ပါ။

FEMA ကိုယ်စားလှယ်က သင်၏အချက်အလက်များကို စိစစ်အတည်ပြုရန်အတွက် သင့်အား ဆက်သွယ်ရသည့် အခါမျိုး ရှိနိုင်ပါသည်။ ထိုအခါ သူ၏ FEMA အိုင်ဒီ နံပါတ်ကို တောင်းပါ။ အကယ်၍ သင့်အားခေါ်ဆိုသူ မည်သူမည်ဝါ ဖြစ်ကြောင်း မသေချာပါက သို့မဟုတ် FEMA က အိမ်စစ်ဆေးရန် လွှတ်လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုလာသူ ဟုတ်၊ မဟုတ် မသေချာပါက FEMA အကူအညီဖုန်းနံပါတ်ဖြစ်သည့် ၈၀၀-၆၂၁-၃၃၆၂ (၇၁၁/VRS) ကို ဖုန်းခေါ်ပါ။ ဖုန်းလိုင်းများသည် မနက် ၈ နာရီမှ ည ၇ နာရီအထိ တစ်ပတ် ၇ ရက် ဖွင့်ထားပါသည်။ ဖုန်းအော်ပရေတာက သင့်ဘာသာစကားပြောသည့် ကျွမ်းကျင်သူနှင့် ချိတ်ဆက်ပေးနိုင်ပါသည်။ အကယ်၍ သင်က ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ်၊ စာသားပါဖုန်းအစီအစဉ် သို့မဟုတ် တခြားစနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။

အတုအယောင် အစိုးရဝန်ထမ်း - ဘေးအန္တရာယ်ဆိုင်ရာဝန်ထမ်းအဖြစ် ဟန်ဆောင်ထားသည့် ရိုက်စားသူများက ၎င်းတို့၏ဝန်ဆောင်မှုအတွက် ငွေကြေးတောင်းခံဆက်သွယ်လာခြင်းများ ရှိနိုင်သည်။ ဖက်ဒရယ်၊ ပြည်နယ်နှင့် ဒေသဆိုင်ရာ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ထမ်းများသည် တစ်စုံတစ်ခုလုပ်ရန် ဆွယ်ခြင်း၊ ငွေကြေးလက်ခံခြင်း မပြုပါ။ ဘေးအန္တရာယ်ဆိုင်ရာ ဖက်ဒရယ်ဝန်ထမ်းသည် ဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့ကို ရမည် ဟုလည်း အာမခံခြင်းမျိုး မပြုလုပ်ပါ။

အလိမ်အညာ အလှူငွေကောက်ခံမှုများ - Better Business Bureau စိစစ်သည့်အဖွဲ့၏ အလှူငွေထည့်သွင်းခြင်း ဆိုင်ရာအသင်းက အသိအမှတ်ပြုထားသည့် Give.org တွင် ယုံကြည်စိတ်ချရသော အလှူငွေကောက်ခံရေး အဖွဲ့များကို ကြည့်နိုင်ပါသည်။ မသမာသူများသည် ဝဘ်ဆိုက်အတုအယောင်များဖွင့်ပြီး ဘေးအန္တရာယ်အတွက် ငွေကောက်ခံသည့် ပုံစံများဖြင့် ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသူများအား အီးမေးလ် သို့မဟုတ် လူမှုကွန်ရက်များ မှတစ်ဆင့် ဆက်သွယ်လာနိုင်သည်။

အဖွဲ့၏ အကြံပြုချက်များ- "ဖြားယောင်းသော အီးမေးလ်များကို မတုံ့ပြန်ပါနှင့်။ ကြော်ငြာများဖြင့် ရောင်းချခြင်း၊ အတုအယောင် အလှူငွေပေးခြင်းများသည် အစစ်အမှန်လုပ်ကိုင်နေသော အဖွဲ့အမည်များနှင့် ဆင်တူယိုးမှား အမည်များ ပေးလေ့ရှိသဖြင့် သတိထားပါ။" အလှူပေးမည်ဟု လိမ်ညာခြင်းများကို ရှောင်လွှဲနိုင်ရန် ဖက်ဒရယ်ကုန်သွယ်မှု ကော်မရှင်၏ ဝဘ်ဆိုက်ကိုသွားပြီး အလိမ်အညာ သတိပေးချက်များ Scam Alerts တွင် ဖတ်ရှုပါ။

အလိမ်အညာ အိမ်ငှားရမ်းခြင်းများ- ဖက်ဒရယ်ကုန်သွယ်မှုကော်မရှင်သည် အလိမ်အညာအိမ်ငှားခြင်းများ လုပ်ကိုင်ပုံနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ရှိပါသည်။ ဥပမာအားဖြင့် မိမိလိုအပ်သော အိမ်ခန်းနှင့် အပန်းဖြေအငှားအိမ် ရှာရန် မလွယ်ကူကြောင်း လိမ်ညာသူများက သိကြသည်။ ထို့ကြောင့် တွေ့ရှိလျှင် လက်လွတ်မခံနိုင်ကြောင်း သိကြသည်။ အလိမ်အညာ အိမ်ငှားရမ်းခြင်းများ အကြောင်း ပိုမိုသိရှိရန် Rental Listing Scams တွင် ကြည့်ပါ။

လိုင်စင်မဲ့/အာမခံမဲ့ ဆောက်လုပ်ရေးသမားများကို သတိထားပါ - ဘေးအန္တရာယ်ကျရောက်ပြီးနောက်တွင် စိတ်ချရသော ဆောက်လုပ်ရေးသမားအဖြစ် မိတ်ဆက်လာနိုင်သည်။ ၎င်းတို့ထံမှ ထောက်ခံစာကို တောင်းပါ။ ငွေကြိုတင်ပေးရန်တောင်းဆိုခြင်းမျိုးကို သတိထားပါ။ သူတို့သည် လုပ်ငန်းလိုင်စင်ရှိပြီး လိုအပ်သည့် ခွင့်ပြုချက်များ ရယူကြောင်း သေချာပါစေ။ အိမ်ပြင်ဆင်ရန်အတွက် ဆောက်လုပ်ရေးသမားကို မငှားရမ်းမီ သင်၏ ရပ်ကွက်၊ ကောင်တီအတွင်း ယင်းဆောက်လုပ်ရေးသမားက လိုင်စင်ရထားခြင်း ရှိ၊ မရှိကို စစ်ပါ-

အကယ်၍ သင်သည် လိမ်ညာမှု၊ ဖြုန်တီးမှု သို့မဟုတ် အမြတ်ထုတ်မှုများကို သိရှိပါက ယင်းတို့ကို - တစ်ပတ် ခုနစ်ရက်၊ ၂၄ နာရီပတ်လုံး - FEMA ဘေးအန္တရာယ်လိမ်ညာမှု အရေးပေါ် ၈၆၆-၇၂၀-၅၇၂၁ သို့ ဖုန်းခေါ်နိုင်သည် သို့မဟုတ် Disaster@leo.gov သို့ အီးမေးလ်ပို့နိုင်ပါသည်။

အကယ်၍ သင် သို့မဟုတ် သင်နှင့် ရင်းနှီးသူက လိမ်ညာမှု သို့မဟုတ် မိမိအဖြစ်ဟန်ဆောင်ခြင်းမျိုး ခံရသည်ဟု ယူဆပါက သင်၏ ဒေသတွင်းရှိ ရဲဌာန သို့မဟုတ် စီရင်စုမှ အရာရှိရုံးသို့ တိုင်ကြားပါ။ သို့မဟုတ် နယူးယောက်ပြည်နယ် ရှေ့နေချုပ်ရုံးကို ဆက်သွယ်ပါ-

  • စားသုံးသူကာကွယ်ရေး အရေးပေါ် နံပါတ် ၈၀၀-၆၉၇-၁၂၂၀
  • https://www.ny.gov/agencies/division-consumer-protection
  • https://dos.ny.gov/file-consumer-complaint
  • ကွန်မြူနတီအခြေပြု လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အေဂျင်စီများသို့ လွှဲစာများအတွက် ၂၁၁ ကိုခေါ်ပါ သို့မဟုတ် https://www.211nys.org/contact-us သွားပါ။ နယူးယောက်တွင် နေထိုင်သူများ ၃၁၁ ကို ခေါ်ပါ။
  • ဟာရီကိန်း အိုင်ဒါ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များအတွက် fema.gov/disaster/4615 တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 နှင့် www.facebook.com/fema တွင် ကြည့်ပါ။
Tags:
နောက်ဆုံးအချက်အလက်