သတင်းများ နှင့် မီးဒီယာ ကပ်ဘေး 4829
ဤစာမျက်နှာ၌
ဤကပ်ဘေးအကြောင်း နောက်ထပ်သိရှိရန်
သတင်း ထုတ်ပြန်ချက်များ နှင့် အချက်အလက် စာရွက်များ
56
Hurricane Helene ကြောင့် ထိခိုက်ခံရသော တောင်ပိုင်းကာရိုလိုင်းနားတွင်နေထိုင်သူများအား လူကိုယ်တိုင်ပံ့ပိုးမှု အကူအညီပေးနိုင်ရန်အတွက် Barnwell ကောင်တီတွင် သဘာဝဘေး အန္တရာယ်မှ ပြန်လည်ထူထောင်ရေးစခန်း တခု ဖွင့်လှစ်မည် ဖြစ်သည်။
အကယ်၍ သင်၏ပုဂ္ဂလိကပိုင်ရေတွင်း ရေတွင်း၊ အိမ်အပူပေးစက် သို့မဟုတ် မိလ္လာကန်စနစ်များကို Hurricane Helene ကြောင့် ထိခိုက်ပျက်စီးခဲ့ပါက သင်သည် FEMA ၏ငွေကြေး အထောက်အပံ့ အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါသည်။
South Carolina တွင် နေထိုင်သူများတွင် Hurricane Helene ကြောင့် မိမိတို့အိမ်မှ ပြောင်းရွှေ့နေထိုင်ရသူများ အနေနှင့် FEMA မှ ကြားခံပြောင်းရွှေ့နေထိုင်ရေး အထောက်အပံ့(TSA) အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်မှုရှိပါလိမ့်မည်။ လူတဦးချင်းနှင့် မိသားစုအလိုက် သဘာဝဘေးအန္တရာယ် အထောက်အပံ့ အတွက် လျှောက်ထားခဲ့သူများသည် သူတို့အိမ်ရာ အစီအစဉ်အတွက် ရေရှည် လုပ်ဆောင်ရမည်ဖြစ်ပါက ၎င်းတို့ ယာယီနေထိုင်ရန် ဟိုတယ် သို့မဟုတ် မိုတယ်များ တည်းခိုစရိတ်ကို FEMAမှ ပေးရန် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါလိမ့်မည်။
Hurricane Helene သည် စက်တင်ဘာလ 26 ရက်နေ့တွင်ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ ယင်းနှင့် အတူပျက်စီးစေသော လေပြင်းများ၊ ရေလွှမ်းမိုးမှု၊ လေဆင်နှာမောင်း တိုနေးဒိုးများ နှင့် ပြင်းထန်ဆိုးရွားသော ပျက်စီးမှုများကို SouthCarolina ရှိ ရေ မီး အခြေခံအဆောက်အဦများနှင့် အိုးအိမ်များတွင် ထိုနေ့ညနေပိုင်းနှင့် နောက်ဆက်တွဲနေ့များတွင် ဖြစ်စေခဲ့ပါသည်။ ထိုအချိန်မှ စတင်၍ FEMA သည် ပြည်နယ်တလျောက်တွင် လူ ၆၅၀ ထက်မက ခန့်အပ်ပြီး South Carolina ရှိ အိမ်ထောင်စုပေါင်း ၂၀၄,၀၀၀ ထက်မနည်းသော အိမ်များနှင့် အခြားသော ပုံစံ အထောက်အပံ့များအဖြစ် $203 သန်း ကို သတ်မှတ်အတည်ပြုပေးနိုင်ခဲ့ပါသည်။ ယင်းတွင်ပါ၀င်သည်မှာ၊ :
Hurricane Helene ကြောင့်ထိခိုက်ခံရသော တောင်ပိုင်းကာရိုလိုင်းနားတွင်နေထိုင်သူများအား လူကိုယ်တိုင်ပံ့ပိုးမှုအကူအညီပေးနိုင်ရန်အတွက် Kershaw ကောင်တီ၊ Laurens ကောင်တီ နှင့် Orangeburg ကောင်တီတို့တွင် သဘာဝဘေး အန္တရာယ်မှ ပြန်လည် ထူထောင်ရေးစခန်းများ ဖွင့်လှစ်မည်ဖြစ်သည်။
PDF များ၊ ဂရပ်များ နှင့် မာလ်တီမီဒီယာ
ကပ်ဘေးဆိုင်ရာ မာလတီမီဒီယာအတွဲ ရှိ လူမှုကွန်ရက်နှင့် ဗီဒီယိုအကြောင်းအရာတွင် အထွေထွေ ကပ်ဘေးပြန်လည်ထူထောင်ရေး အကြောင်း ဆက်သွယ်ကူညီနိုင်ရန် ကြည့်ပါ။
ဤကပ်ဘေးနှင့် တွဲထားသည့် ဖိုင်များမရှိပါ။