သဘာဝဘေးအန္တရာယ်တစ်ခုပြီးသည့်နောက်တွင် လူလိမ်များ၊ တခြားသူများ၏ပုဂိုလ်ရေးငွေကြေးဆိုင်ရာအထောက်အထားခိုးယူသူများနှင့် အခြားရာဇ၀တ်ကောင်များသည် ဘေးအန္တရာယ်မှရှင်သန်လွတ်မြောက်လာသူများထံကနေအခွင့်ကောင်းယူရန် မကြာခဏကြိုးစားကြလေ့ရှိသည်။ ထို့ကြောင့် သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်မှန်သမျှကို စောင့်ကြည့်ပြီး သတင်းပေးပို့ရန် ဘေးအန္တရာယ်မှရှင်သန်လွတ်မြောက်လာသူများကို ကျွန်ုပ်တို့ တိုက်တွန်းပါသည်။
လိမ်လည်မှုများနှင့်အတုအယောင်များကိုသတိထားပါ။
FEMA အိမ်ရာ စစ်ဆေးရေးမှူးများ
စစ်ဆေးရေးမှူးသည်

- သင်၏ ဂဏန်းကိုးလုံး မှတ်ပုံတင်နံပါတ်ကို ဘယ်တော့မှ မတောင်းပါ။ သူတို့ မှတ်တမ်းထဲမှာ သင်၏နံပတ်ရှိပြီးသားဖြစ်ပါသည်၊
- သူတို့ကိုယ်သူတို့ အစိုးရဝန်ထမ်းမှန်းသိရှိနိုင်ရန် တရားဝင်အစိုးရတံဆိပ်ကိုတပ်ထားပါသည်။ သူတို့၏အိုင်ဒီအထောက်အထားအားသင့်ကိုပြသရန်တောင်းဆိုပါ။
- သင်၏ဘဏ်စာရင်းအချက်အလက်များကိုတောင်းဆိုမည်မဟုတ်ပါ။ FEMA သည်စစ်ဆေးခအတွက်ငွေဘယ်တော့မှမတောင်းပါ။
- အိမ်ခေါင်းမိုးပေါ်သို့လည်း မတက်ပါ။ တွားသွားပြီးဝင်ရသောနေရာများကိုလည်းမဝင်ပါ။
ဒေသဆိုင်ရာ သို့မဟုတ် ဗဟိုဖက်ဒရယ်အစိုးရအကူအညီ၏ ကူညီပေးမည်ဆိုသော ကမ်းလှမ်းချက်အတုများ
- ငွေတောင်းခံသောသူကို မယုံကြည်ပါနှင့်။ DHS၊ FEMA၊ SBA နှင့် အခြားဖက်ဒရယ်အစိုးရအေဂျင်စီများသည် သဘာဝဘေးအန္တရာယ်အကူအညီအတွက်ဘေးအန္တရာယ်ဆိုင်ရာအကူအညီပေးခြင်း သို့မဟုတ် လျှောက်လွှာများဖြည့်ရန်အကူအညီပေးခြင်းအတွက် လျှောက်ထားသူများကို မည်သည့်အခါမျှ ငွေကြေးကောက်ခံမည်မဟုတ်ပါ။
- သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီငွေပေးမည်ဟုကတိပေးပြီး ငွေသားအပ်ငွေအများအပြား သို့မဟုတ်သို့မဟုတ် ကြိုတင်ငွေများကို အပြည့်ပေးချေရန်တောင်းသောမည်သူ့ကိုမျှ မယုံကြည်ပါနှင့်။

မသမာသော အဆောက်အအုံဆောက်လုပ်ရေး ကန်ထရိုက်တာများ

- ယုံကြည်စိတ်ချရသောထောက်ခံမှုများ ကျောထောက်နောက်ခံရှိသည့် တရားဝင်လိုင်စင်ရ သို့မဟုတ် အတည်ပြုချက်ရသောဒေသဆိုင်ရာကန်ထရိုက်တာများကို အသုံးပြုပါ။
- ပြုပြင်ကုန်ကျစရိတ်များ၏ ထက်ဝက်ကျော်ကို ကြိုတင်မပေးထားပါနှင့်။
- လုပ်ရမည့်အလုပ်အသေးစိတ်ကိုစာရေးသားချက်ဖြင့်တာဝန်ယူအာမခံပေးဖို့ ကန်ထရိုက်တာများကိုတောင်းဆိုပါ။
တခြားသူများ၏ပုဂိုလ်ရေးငွေကြေးဆိုင်ရာအထောက်အထားခိုးယူသူများ
- သဘာဝဘေးအန္တရာယ်မှ အသက်ရှင်လွတ်မြောက်လာသူများအနေဖြင့် လူလိမ်များနှင့် ရာဇ၀တ်မှုကျူးလွန်သူများကလည်း ၎င်းတို့ဆီမှ သူတို့ခိုးယူထားသော အမည်များ၊ လိပ်စာများနှင့် Social Security နံပါတ်များကို အသုံးပြုပြီး FEMA အကူအညီကို လျှောက်ထားနိုင်သည်ကို သတိပြုသင့်သည်။
- အကယ်၍ FEMA လျှောက်လွှာကို သင်မလျှောက်ထားခဲ့ဘဲ FEMA စစ်ဆေးရေးမှူးသည် သင့်အိမ်သို့ ရောက်ရှိလာပါလျှင် သင့်အချက်အလက်များကို သင်မသိဘဲ တခြားသူကအသုံးပြုထားပြီးလျှောက်ထားတာဖြစ်နိုင်သည်။ FEMA အကူအညီအကို သင်မလျှောက်ထားခဲ့သည့်အကြောင်းကို စစ်ဆေးရေးမှူးအား ပြောပြပါ။
- အကယ်၍ သင်က အထောက်အပံ့ကူအညီအတွက်လျှောက်ထားခြင်းမရှိဘဲ FEMA ထံမှ စာတစ်စောင်ကို သင် လက်ခံရရှိပါက၊ ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ Helpline 800-621-3362 သို့ နံနက် ၇ နာရီမှ ၁၁ နာရီအတွင်း ဆက်သွယ်ပါ။ နေ့စဉ် ET အမေရိကအရှေ့ပိုင်းဒေသစံတော်ချိန်

သင်၏ကိုယ်ရေးအချက်အလက်အထောက်အထားများ ခိုးယူခြင်းခံနေရပြီဟု သံသယရှိပါကအသေးစိတ်အချက်အလက်များနှင့်ဆောင်ရွက်ရန်အဆင့်များကိုသိရှိရန်အတွက် IdentityTheft.govသို့ သွားရောက်ကြည့်ရှုပါ။
လိမ်လည်မှုများနှင့်အတုအယောင်များကိုတိုင်ကြားခြင်း

FEMA စုံစမ်းထောက်လှမ်းရေးနှင့် စစ်ဆေးရေးဌာနကို ဆက်သွယ်ရန်
အီးမေးလ်: StopFEMAFraud@fema.dhs.gov
ဖုန်း: 866-223-0814
ဖက်စ်: 202-212-4926
စာဖြင့်ဆက်သွယ်လိုပါက-:
400 C Street SW
Suite 7SW-1009
Mail Stop 3005
Washington D.C., 20472-3005
- သင်၏ပြည်နယ်ဆိုင်ရာ state consumer protection offices. ရုံးများကိုဆက်သွယ်ပါ။
- အဂတိလိုက်စားမှု၊ လိမ်လည်မှု၊ ဖြုန်းတီးမှု၊ အလွဲသုံးစားလုပ်မှု၊ စီမံခန့်ခွဲမှုမှားယွင်းမှု သို့မဟုတ် အကျင့်ပျက်ချိုးဖောက်မှုများကို DHS Office of the Inspector General. ရုံးသို့ သတင်းပို့တိုင်ကြားပါ၊
- National Center for Disaster Fraudသဘာဝဘေးအန္တရာယ်လိမ်လည်မှုဆိုင်ရာ အမျိုးသားဗဟိုဌာနသို့ တိုင်ကြားစာပေးပို့ပါ။