၁။ Rutland၊ Washington ကောင်တီများတွင် ဘေးဒဏ် ပြန်လည် ထူထောင်ရေး စင်တာများ ဖွင့်လှစ်ခြင်း။

Release Date Release Number
004
Release Date:
ဇူလိုင်လ 21, 2023

WILLISTON, VT – ပြင်းထန်သော မုန်တိုင်းများ၊ ရေကြီးမှုများ၊ မြေ နှင့် ရွှံ့မြေပြိုမှုများအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတင်ရန် Rutland နှင့် Washington ကောင်တီများတွင် သဘာဝဘေးဒဏ် ပြန်လည်ထူထောင်ရေး စင်တာ နှစ်ခုကို ဇူလိုင် ၂၂ ရက် နံနက် ၈ နာရီတွင် ဖွင့်လှစ်သွားပါမည်။ ဘေးဒဏ်မှ ရှင်သန်ကျန်ရစ်သူများအား FEMA အကူအညီအတွက် လျှောက်ထားရန်၊ ၎င်းတို့၏လျှောက်လွှာအတွက် လိုအပ်သောစာရွက်စာတမ်းများကို upload လုပ်ကာ မေးခွန်းများကို လူကိုယ်တိုင် ဖြေဆိုရန် ဤ FEMA စင်တာများက ကူညီပေးမည်ဖြစ်သည်။

Rutland County စင်တာသည်

ASA Bloomer Building
88 Merchants Row
Rutland, VT 05701

Washington County စင်တာသည်

Waterbury Armory
294 Armory Drive
Waterbury, VT 05676

တွင်လည်းကောင်း တည်ရှိပါသည်။ တစ်ပတ်လျှင် ခုနစ်ရက်၊ နံနက် ၈ နာရီမှ ညနေ ၇ နာရီ အထိ ဖွင့်လှစ်ထားရှိပါမည်။
 

စင်တာများသည် မသန်မစွမ်းသူများ လက်လှမ်းမီနိုင်သည့်အပြင် လုပ်ငန်းဆောင်တာ လိုအပ်ချက်များ အတွက် အထောက်အကူပြု နည်းပညာပစ္စည်းများကို တပ်ဆင်ထားရှိပါသည်။ သင့်လျော်သောနေရာထိုင်ခင်း သို့မဟုတ် ခြေပြလက်ပြ ဘာသာစကားပြန် လိုအပ်သော အသက်ရှင်သန်ကျန်ရစ်သူများသည် 833-285-7448 (စပိန်ဘာသာအတွက် 2 ကိုနှိပ်ပါ) ခေါ်ဆိုနိုင်ပါသည်။

US Small Business Administration မှ ကိုယ်စားလှယ်များသည် အိမ်ရှင်များ၊ အိမ်ငှားများ၊ စီးပွားရေး လုပ်ငန်းများနှင့် ပုဂ္ဂလိက အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအတွက် SBA ၏ အတိုးနည်းသော ဘေးအန္တရာယ် ချေးငွေများ လျှောက်ထားနည်းကို ရှင်းပြရန် စင်တာများတွင် ရှိနေမည်ဖြစ်ပြီး ဘေးဒဏ် ပိုခံနိုင်ရည်ရှိသော နေအိမ်များ ပြန်ဆောက်ရန် အချက်အလက်များ ပံ့ပိုးပေးမည်ဖြစ်သည်။

FEMA အကူအညီကို လျှောက်ထားရန် ပြန်လည်ထူထောင်ရေးစင်တာသို့ လူကိုယ်တိုင် သွားရောက်ရန် မလိုပါ။ စင်တာသို့ သွားရောက်ခြင်းမပြုဘဲ လျှောက်ထားလိုလျှင် အရှေ့ပိုင်း စံတော်ချိန် နံနက် ၇ နာရီမှ ၁၁ နာရီအတွင်း FEMA Helpline ကို 800-621-3362 သို့ခေါ်ဆိုပါ။ DisasterAssistance.gov သို့လည်း ဆက်သွယ်နိုင်ပါသည်။ သို့မဟုတ် FEMA App ကို download လုပ်ပါ။ Video relay service (VRS)၊ captioned telephone service တို့ကဲ့သို့ ထပ်ဆင့်လွှင့် ဝန်ဆောင်မှုများ သို့မဟုတ် တခြားနည်းလမ်းများ သုံးပါက သင် လျှောက်ထားသည့်အခါ ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA သို့ ပေးပါ။

Vermont ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးအချက်အလက်များအတွက် ကျေးဇူးပြု၍ fema.gov/disaster/4720 သို့ ဝင်ရောက်ကြည့်ရှုပါ။ Twitter တွင် FEMA Region 1 အကောင့် twitter.com/FEMARegion1 ကိုလည်းကောင်း၊ FEMA Facebook စာမျက်နှာရှိ facebook.com/FEMA ကိုလည်းကောင်း သို့မဟုတ် Vermont အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ၏ twitter.com/vemt နှင့် facebook.com/vermontemergencymanagement တို့ကိုလည်းကောင်း follow လုပ်ပါ။  
 

Tags:
နောက်ဆုံးအချက်အလက်