FEMA တစ်ဦးချင်း အကူအညီ

Release Date:
သြဂုတ်လ 5, 2024

FEMA ဘေးအန္တရာယ်အကူအညီသည် အာမခံမထားသော သို့မဟုတ် အာမခံလွှမ်းခြုံမှုမလုံလောက်သော လိုအပ်သည့် ကုန်ကျစရိတ်များနှင့် အရေးကြီးသော လိုအပ်ချက်များအတွက် သင့်အိမ်ထောင်စု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါသည်။

အိမ်ရာနှင့် ပတ်သက်သော အကူအညီ 

အောက်ဖော်ပြပါတို့ ပါဝင်သော သင့်အိမ်ကို ထိခိုက်မှုရှိစေသည့် ပျက်စီးမှုများအတွက် ကုန်ကျစရိတ်နှင့် ပတ်သက်၍ ကူညီရန် ထောက်ပံ့ငွေ- 

  • အိမ်ငှားရမ်းခြင်းဆိုင်ရာ အကူအညီ- ဘေးအန္တရာယ်ကြောင့် သင့်အိမ်မှ ပြောင်းရွှေ့နေထိုင်ရပါက အိမ်ငှားရာတွင် အသုံးပြုနိုင်သော ထောက်ပံ့ငွေ။
  • တည်းခိုစရိတ် ပြန်လည် ထုတ်ပေးခြင်း-ဘေးအန္တရာယ်ကြောင့် သင့်အိမ်မှ ပြောင်းရွှေ့နေထိုင်ရန် လိုအပ်ပါက ဟိုတယ် သို့မဟုတ် မိုတယ်ကဲ့သို့သော အရေးပေါ် တည်းခိုစရိတ်အတွက် သင့်အား ပြန်လည်ထုတ်ပေးရန် ထောက်ပံ့ငွေ။ အခြားလိုအပ်ချက် အကူအညီများအောက်မှ ပြောင်းရွှေ့နေထိုင်ခြင်းအတွက် ထောက်ပံ့ငွေ မရရှိထားမှသာ ဤထောက်ပံ့ငွေကို ရရှိနိုင်ပါသည်။
  • အိမ်ပြင်ခြင်း သို့မဟုတ် အစားထိုးခြင်း- ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော သင့်အိမ်ကို ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် အစားထိုးခြင်း ပြုလုပ်ရာတွင် ကူညီရန် ထောက်ပံ့ငွေ။ ဥပမာအားဖြင့် ယင်းတွင် ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သော မှိုများကို ဖယ်ရှားခြင်း သို့မဟုတ် အန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ထောက်ပံ့ငွေတို့ ပါဝင်ပြီး ၎င်းတို့သည် နောင်လာမည့်ဘေးအန္တရာယ်များတွင် သင့်အိမ်ပျက်စီးဆုံးရှုံးမှုပမာဏကို လျှော့ချရေး ကူညီနိုင်သော ပြုပြင်မှုများ ပြုလုပ်ရာတွင် သင်လုပ်ဆောင်နိုင်သည့် ဥပမာများဖြစ်ပါသည်။ ထောက်ပံ့ငွေသည် ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများ ပိုမိုဆိုးရွားသွားသည့် သင့်အိမ်၏ အစိတ်အပိုင်းများရှိ နဂိုရှိနှင့်ပြီးသော ပျက်စီးခြင်းများကိုလည်း ကူညီပေးနိုင်ပါသည်။
  • ဝင်ရောက်နေထိုင်နိုင်မှု လိုအပ်ချက်များ- မသန်စွမ်း အသက်ရှင်ကျန်ရစ်သူများကို ၎င်းတို့၏ အိမ်တွင် ဝင်ရောက်နေထိုင်နိုင်ကြောင်း သေချာစေရန်ပြုလုပ်သည့် အပြင်ဘက် ချဉ်းကပ်လမ်း၊ လက်ကိုင်ဘားတန်းများနှင့် အိမ်ဝင်ပေါက်အထိ ခင်းထားသော လျှောက်လမ်းများကဲ့သို့သော ပြုပြင်မှုများနှင့် စပ်လျဉ်း၍ ကူညီရန် ထောက်ပံ့ငွေ။ ဤအရာများပျက်စီးပါက ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါသည်။ ဘေးအန္တရာယ်မဖြစ်ပွားမီ အဆိုပါ လုပ်ဆောင်ချက်များမရှိခဲ့ဘဲ နဂိုရှိနေသော မသန်စွမ်းမှု သို့မဟုတ် ဘေးအန္တရာယ်ကြောင့် ဖြစ်ပွားသော မသန်စွမ်းမှုကြောင့် ၎င်းတို့လိုအပ်ပါက တိုးတက်မှုများ ပြုလုပ်နိုင်ပါသည်။
  • ကိုယ်ပိုင်လမ်းများ၊ တံတားများနှင့် ဆိပ်ကမ်းများ- အသက်ရှင်ကျန်ရစ်သူများ သူတို့အိမ်သို့ ဝင်ရောက်ရာတွင် အသုံးပြုသော ဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် အရာများအတွက်သာ ပေးသော ထောက်ပံ့ငွေ။

အခြားလိုအပ်ချက် အကူအညီ 

ဘေးအန္တရာယ်ကြောင့် ဖြစ်ပွားသော အောက်ဖော်ပြပါ လိုအပ်သော အသုံးစရိတ်များနှင့် အရေးကြီးသော လိုအပ်ချက်များအတွက် ကူညီရန် ထောက်ပံ့ငွေ- 

  • အရေးကြီး လိုအပ်ချက်များ- ရေ၊ အစားအစာ၊ ရှေးဦးသူနာပြု ပစ္စည်းများ၊ ဆရာဝန်ညွှန်ကြားသည့်ဆေးများ၊ နို့စို့ကလေးအတွက် formula နို့မှုန့်၊ နို့တိုက်ကျွေးရေးပစ္စည်းများ၊ အနှီးများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများနှင့် သွားလာရေးအတွက် လောင်စာဆီများစသည့် အရေးပေါ်လိုအပ်ချက်များအတွက် ပေးချေရာတွင် ကူညီရန် ထောက်ပံ့ငွေ။ 
  • ပြောင်းရွှေ့နေရာချထားခြင်း- ဘေးအန္တရာယ်ကြောင့် သင့်အိမ်သို့ မပြန်နိုင်ပါက အရေးပေါ်အိမ်ရာဆိုင်ရာ လိုအပ်ချက်များအတွက် ကူညီရန် ထောက်ပံ့ငွေ။ ထောက်ပံ့ငွေကို ငှားရမ်းရန် အိမ်ရှာနေစဉ် မိသားစုများ၊ သူငယ်ချင်းများနှင့် ဟိုတယ်တွင်နေရန် သို့မဟုတ် အခြားရွေးချယ်စရာများအတွက် အသုံးပြုနိုင်ပါသည်။
  • ပုဂ္ဂလိက ပိုင်ဆိုင်မှုများ- ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အသုံးအဆောင်ပစ္စည်းများ၊ အခန်း ပရိဘောဂများနှင့် ကိုယ်ပိုင် သို့မဟုတ် မိသားစု ကွန်ပျူတာများ ပြင်ဆင်ခြင်းနှင့် အစားထိုးခြင်းအတွက် ကူညီရန် ထောက်ပံ့ငွေ။ ကိုယ်ပိုင်အလုပ်အပါအဝင် ကျောင်း သို့မဟုတ် လုပ်ငန်းခွင်အတွက် လိုအပ်သော စာအုပ်များ၊ တူညီဝတ်စုံများ၊ ပစ္စည်းကိရိယာများ၊ ထပ်ဆောင်း ကွန်ပျူတာများနှင့် အခြားပစ္စည်းများအတွက် ထောက်ပံ့ငွေများ ပါဝင်နိုင်ပါသည်။
  • ဆေးဘက်ဆိုင်ရာ/သွားဘက်ဆိုင်ရာ- ဘေးအန္တရာယ်ကြောင့် ဒဏ်ရာရမှု သို့မဟုတ် ဖျားနာမှု ဖြစ်စေခဲ့သည့်အတွက် ကုန်ကျစရိတ်များ ပေးချေရာတွင် ကူညီရန် ထောက်ပံ့ငွေ။ ထောက်ပံ့ငွေကို ဘေးအန္တရာယ်ကြောင့် ပျက်စီး သို့မဟုတ် ပျောက်ဆုံးသွားသော ဆေးဘက်ဆိုင်ရာ/သွားဘက်ဆိုင်ရာ ကိရိယာ၊ နို့တိုက် ကိရိယာ၊ သို့မဟုတ် ဆရာဝန်ညွှန်းဆေးများကို အစားထိုးရာတွင် ကူညီရန်လည်း အသုံးပြုနိုင်ပါသည်။
  • ဈာပန- ဘေးအန္တရာယ်ကြောင့် သေဆုံးသွားသူအတွက် ဈာပန သို့မဟုတ် မြှုပ်နှံခြင်းကုန်ကျစရိတ်များ ပေးရာတွင် ကူညီရန် ထောက်ပံ့ငွေ။
  • ကလေးပြုစုစောင့်ရှောက်ရေး- ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော တိုးမြှင့်လာသည့် ကလေးပြုစုစောင့်ရှောက်ရေးစရိတ်များအတွက် ကူညီရန် ထောက်ပံ့ငွေ။
  • အထွေထွေသုံးပစ္စည်းများအတွက် အကူအညီ- ပြန်လည်ထူထောင်ရေးတွင် အကူအညီပေးရန် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် သင်ဝယ်ယူခဲ့ သို့မဟုတ် ငှားရမ်းခဲ့သော သီးသန့်ပစ္စည်းများ (မီးစက်၊ အစိုဓာတ်ထုတ်စက်၊ လွှစက် စသည်ဖြင့်) အတွက် ပေးချေရာတွင် ကူညီရန် ထောက်ပံ့ငွေ။ အထွေထွေသုံးပစ္စည်းများကို သင့်ပိုင်ဆိုင်မှုများဆီသို့ဝင်ရောက်ခွင့်ရရှိရေး အားထုတ်ရာတွင် သို့မဟုတ် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသော သန့်ရှင်းရေးလုပ်ဆောင်မှုများတွင် အသုံးပြုနိုင်ပါသည်။
  • သယ်ယူပို့ဆောင်ရေး- သင့်တွင် အသုံးပြုနိုင်သော အခြား မော်တော်ယာဉ် မရှိပါက ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော မော်တော်ယာဉ်တစ်စီးအား ပြင်ဆင်ခြင်း သို့မဟုတ် အစားထိုးခြင်းအတွက် ကူညီရန် ထောက်ပံ့ငွေ။
  • ပြောင်းရွှေ့ခြင်းနှင့် သိုလှောင်ခြင်း ကုန်ကျစရိတ်-များသောအားဖြင့် သင့်အိမ်အား ပြင်ဆင်နေစဉ် သို့မဟုတ် ဘေးအန္တရာယ်ကြောင့် နေရာသစ်သို့ ပြောင်းရွှေ့နေစဉ် ပျက်စီးဆုံးရှုံးမှုများ ပိုမိုမဖြစ်ပေါ်စေရန် သင့်အိမ်မှ ကိုယ်ပိုင်ပစ္စည်းများကို ရွှေ့ပြောင်းသိမ်းဆည်းရာတွင် ကူညီရန် ထောက်ပံ့ငွေ။

FEMA လျှောက်ထားခြင်း

FEMA ဘေးအန္တရာယ်ဆိုင်ရာ အကူအညီအတွက် လျှောက်ထားရန် မိုဘိုင်း ပစ္စည်းများအနေဖြင့် အွန်လိုင်းရှိ DisasterAssistance.gov သို့ သွားပြီး FEMA App ကို ဒေါင်းလုဒ်ဆွဲနိုင်သည်၊ သို့မဟုတ် အခမဲ့ နံပါတ် 800-621-3362 သို့ ဖုန်းခေါ်ဆိုနိုင်သည်။ သင်သည် ဗီဒီယို ထပ်ဆင့်လွှင့်ခြင်း (VRS)၊ စာတန်းပါ တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့သော ထပ်ဆင့်လွှင့် ဝန်ဆောင်မှုကို အသုံးပြုပါက၊ ထိုဝန်ဆောင်မှုအတွက် အဆိုပါနံပါတ်ကို FEMA သို့ ပေးပါ။

Minnesota အတွင်းရှိ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်များအကြောင်း ပိုပိုသိရှိလိုပါက www.fema.gov/disaster/4797 တွင် ဝင်ရောက်ကြည့်ရှုပါ။

Tags:
နောက်ဆုံးအချက်အလက်