ဟာရီကိန်းမုန်တိုင်းကောလဟများလကိုတုံ့ပြန်ခြင်း

ကောလာဟလများနှင့်မဟုတ်မမှန် သတင်းမှားများသည် သဘာဝဘေးအန္တရာယ်တစ်ခုအပြီးမှာ အလျင်အမြန်ပျံ့နှံ့နိုင်ပါသည်။ ဟာရီကိန်းမုန်တိုင်း Helene နှင့် Milton အပြီးတွင် မုန်တိုင်းအန္တရာယ်တုံ့ပြန်ရေးကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန် ဟန့်တားနိုင်သည့် သို့မဟုတ် လူများကို အကူအညီအမြန်ရရှိအောင် ဆောင်ရွက်ခြင်းကို တားဆီးနိုင်သည့် ကောလဟလသတင်းမှားများစွာကို ကျွန်ုပ်တို့တွေ့ခဲ့ရသည်။

ကောလာဟလများနှင့် မဟုတ်မမှန်သတင်းမှားများကို သိရှိပြီး ယုံကြည်စိတ်ချရသောသတင်းအရင်းအမြစ်များမှတရားဝင်အချက်အလက်များကို မျှဝေခြင်းဖြင့် သင်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းကို ဘေးကင်းအောင် ကူညီပေးပါ။ တရားဝင်အချက်အလက်များကို  Hurricane Heleneနှင့် Hurricane Milton. မှာ ရယူနိုင်ပါသည်။

ကောလဟာလများ ပျံ့နှံ့သွားခြင်းကို ရပ်တန့်ရန် သင့် အနေဖြင့် လွယ်ကူသော နည်းလမ်းသုံးခု ကိုလုပ်ဆောင်ပါ:  

  1. ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များကို ရှာဖွေပါ။ 
  2. ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်မှ သတင်းအချက်အလက်များကို မျှဝေပေးပါ။ 
  3. မသေချာသည့် သတင်းအရင်းအမြစ်များမှ သတင်းများကို မမျှဝေရန် အခြားသူများကို လှုံ့ဆော်ပါ။ 

ကောလဟာလများ

ဤအချက်သည် မှားယွင်းပါသည်။ ကိစ္စအများစုတွင် FEMA ထောက်ပံ့ကြေးများကို ပြန်လည်ပေးဆောင်ရန် မလိုအပ်ပါ။

အာမခံထံမှ ထပ်တူအကျိုးခံစားခွင့်များ သို့မဟုတ် အခြားအရင်းအမြစ်မှ ထောက်ပံ့ငွေများကို သင်ရရှိပါက FEMA သို့ ပြန်လည်ပေးချေရမည့် နည်းပါးသော အခြေအနေအချို့ရှိပါသည်။ ဥပမာအားဖြင့်၊ သင်သည် သင်၏ အချိန်ပိုင်းအိမ်ရာစရိတ်များကို ဖုံးလွှမ်းသော အာမခံမူဝါဒရှိပြီး သင်၏ အာမခံသည် နောက်ကျနေသောအခါ၌ အဆိုပါစရိတ်များကို ကူညီရန် FEMA ကို ငွေတောင်းခံပါက၊ သင်သည် သင့်အာမခံငွေရှင်းလင်းမှုကို လက်ခံရရှိသည့်အခါတွင် ငွေကို FEMA သို့ ပြန်ပေးရမည်။

သင်အိမ်ပိုင်ရှင် သို့မဟုတ် အသေးစားစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါက၊ ကြေညာထားသည့် အရေးကြီးဘေးအန္တရာယ်ဖြစ်သည့် နယ်မြေများတွင် U.S. အသေးစားစီးပွားရေးအဖွဲ့ (SBA) ထံမှ အတိုးနှုန်းနည်းသော ဘေးအန္တရာယ်ချေးငွေများလည်း ရရှိနိုင်ပါသည်။ ဤချေးငွေများသည် အိမ်ပြုပြင်ခြင်း သို့မဟုတ် အစားထိုးခြင်း၊ ကိုယ်ပိုင်ပစ္စည်း၊ မော်တော်ယာဉ်များ၊ လျော့ပါးသက်သာစေရေး၊ လုပ်ငန်းဆုံးရှုံးမှုများနှင့် အသေးစားလုပ်ငန်းနှင့် ပုဂ္ဂလိကအကျိုးအမြတ်မယူသော အဖွဲ့အစည်းအများစုအတွက် လုပ်ငန်းအရင်းအနှီးနှင့် ကူညီပေးနိုင်ပါသည်။ SBA ဘေးအန္တရာယ်ချေးငွေများအကြောင်း ပိုမိုသိရှိပါ။

လူများသည် အိမ်ထောင်စုတစ်စုလျှင် တစ်ကြိမ်အကူအညီတောင်းရန် လိုအပ်သည်။ ဘေးအန္တရာယ်အကူအညီပေးရေးလုပ်ငန်းစဉ်အတွင်း လျှောက်လွှာအသစ်ကို ပြန်လည်တင်သွင်းခြင်း သို့မဟုတ် ဖန်တီးခြင်းမပြုပါနှင့်။ ဘေးအန္တရာယ်တစ်ခုလျှင် လျှောက်လွှာတစ်ခုထက်ပို၍ တင်သွင်းခြင်းသည် နှောင့်နှေးမှုများ ဖြစ်စေသည်။

သင်၏လျှောက်ထားမှုအခြေအနေကို စစ်ဆေးရန် သို့မဟုတ် FEMA သို့ရာတွင် ပေးပို့ထားသော စာအချေအတင်များကို ဖတ်ရှုရန် DisasterAssistance.gov အကောင့်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည် ဒါမှမဟုတ် 800-621-3362 သို့ ဖုန်းခေါ်ပြီး FEMA အကူအညီလိုင်းကို ဆက်သွယ်နိုင်ပါသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဝင်ရောက်ခြင်းကို FAA က ကန့်သတ်ထားခြင်းမရှိပါ။ FAA သည် အလွန်စည်ကားပြီး အဝင်အထွက်များသော လေပိုင်နက်တွင် လူတိုင်း ဘေးကင်းစွာ အလုပ်လုပ်နိုင်စေရန် ပြည်နယ်နှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် အနီးကပ်

ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ပိုမိုလေ့လာရန် (အင်္ဂလိပ်ဘာသာစကားဖြင့် လင့်ခ်)

External Link Arrow

FEMA သည် လူမျိုး၊ အသားအရောင်၊ ဇာတိနိုင်ငံ၊ လိင်၊ လိင်စိတ်တိမ်းညွတ်မှု၊ ဘာသာ၊ အသက်အရွယ်၊ မသန်မစွမ်း၊ အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းမှု သို့မဟုတ် စီးပွားရေး အခြေအနေများကို ထည့်သွင်းမစဉ်းစားဘဲ ဘေးအန္တရာယ်မှလွတ်မြောက်လာသူအားလုံးကို အကူအညီပေးသည်။

FEMA က သင့်အိမ် သို့မဟုတ် မြေကို သိမ်းယူ၍ မရနိုင်ပါ။ သဘာဝဘေးအန္တရာယ် အထောက်အပံ့ လျှောက်ထားခြင်းသည် FEMA သို့မဟုတ် ဖက်ဒရယ် အစိုးရအာဏာပိုင် အဖွဲ့ အား သင့်အိမ် သို့မဟုတ် မြေကို ပိုင်ဆိုင်ခွင့်ပေးလိုက်ခြင်း မဟုတ်ပါ။ သင်က သဘာဝဘေးအန္တရာယ်အထောက်အပံ့ကို လျှောက်ထားသည့်အခါ သင့်အိမ်ပျက်စီးမှုအခြေအနေကို စစ်ဆေးအတည်ပြုရန် FEMA စစ်ဆေးရေးအရာရှိကို စေလွှတ်နိုင်သည်။ ဤသည်မှာ သင် ခံစားခွင့်ရှိနိုင်သည့် သဘာဝဘေးအန္တရာယ်အထောက်အပံ့ အမျိုးအစားကို ဆုံးဖြတ်ရန် ပြန်လည်သုံးသပ်စစ်ဆေးသည့် အချက်များစွာထဲမှ တစ်ခုဖြစ်သည်။ စုံစမ်းစစ်ဆေးမှု ရလဒ်များအရ သင့်အိမ်သည် လူနေထိုင်၍ မရနိုင်ဟု မှတ်ယူပါက အဆိုပါ အချက်အလက်ကို သင့်အိမ်ဘေးကင်းအောင် ပြုလုပ်ရန်၊ အိမ်ကိုသန့်ရှင်းရေးလုပ်ရန်နှင့် အသုံးပြု၍ရအောင် ပြုလုပ်ရန်အတွက် သင်ရရှိနိုင်သည့် FEMA အထောက်အပံ့ပမာဏကို ဆုံးဖြတ်ရန်အတွက်သာ ၎င်းကို အသုံးပြုသည်။

FEMA သည် Helene ဒဏ်ခံရသောနယ်မြေများတစ်လျှောက် အထောက်အပံ့လျှောက်လွှာများကို လက်ခံနေဆဲဖြစ်သည်။ လက်ရှိ လျှောက်ထားရန်အချိန်ဇယားအတွက် disasterassistance.gov သို့ သွားပါ။ FEMA ၏ ပြည်နယ်သီးသန့် Helene သဘာဝဘေးအန္တရာယ် ဝက်ဘ်ဆိုက်များဖြစ်သည့် ဖလော်ရီးဒါဂျော်ဂျီယာမြောက်ကယ်ရိုလိုင်းနားတောင်ကယ်ရိုလိုင်းနားတင်နက်ဆီနှင့် ဗာဂျီးနီးယားတို့တွင် လျှောက်လွှာများကို လက်ခံနေခြင်း ရှိ၊ မရှိကိုလည်း ကြည့်နိုင်သည်။

FEMA တွင် လက်ရှိ ချက်ချင်းတုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးလိုအပ်ချက်များအတွက် လုံလောက်သောငွေရှိပါသည်။ အကယ်၍ သင်သည် ဟယ်လင်(Helene) မုန်တိုင်း၏ ဒဏ်ကို ခံစားခဲ့ရပါက မတူညီသော လိုအပ်ချက်များ အတွက် အကူအညီ အမျိုးမျိုး ရနိုင်သောကြောင့် ဘေးအန္တရာယ်အကူအညီ တောင်းခံရန် မတုံ့ဆိုင်းပါနှင့်။

ဤအချက်သည် မှားယွင်းပါသည်- FEMA သည် ဘေးအန္တရာယ်တုံ့ပြန်မှုအတွက် စေတနာ့ဝန်ထမ်း သို့မဟုတ် ငွေသားအလှူငွေများကို ယေဘုယျအားဖြင့် တောင်းဆိုခြင်း သို့မဟုတ် လက်ခံခြင်းမရှိပါ။ ကျွန်ုပ်တို့သည် အကူအညီပေးလိုသူများကို ယုံကြည်စိတ်ချရသော စေတနာ့ဝန်ထမ်းအဖွဲ့များ သို့မဟုတ် စေတနာ့လှူဒါန်းရေးအဖွဲ့များထံ ငွေလှူဒါန်းရန် သို့မဟုတ် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ရန် လှုံ့ဆော်ပါသည်။ ဘေးအန္တရာယ်ဖြစ်ပြီးနောက် အကူအညီပေးရန်အတွက် ငွေသားလှူဒါန်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်တတ်ပါသည်၊ အကြောင်းမှာ မြေပြင်ပေါ်တွင်အလုပ်လုပ်နေသည့် ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများ သေချာလိုအပ်သည်များကို အကောင်းဆုံးလိုက်လျောညီထွေဖြစ်အောင် ဝယ်ယူရန်အတွက် ပံ့ပိုးပေးသောကြောင့်ဖြစ်သည်။

အကယ်၍ သင် FEMA ကိုယ်စားပြုသူဟုဆိုပြီး လှူဒါန်းမှုတောင်းဆိုသူတစ်ယောက်နဲ့ ကြုံတွေ့ရပါက ၎င်းသည် လိမ်လည်မှုဖြစ်နိုင်သောကြောင့် သတိထားပါ။ အစိုးရဝန်ထမ်းများသည် ဘယ်တော့မှ ငွေတောင်းဆိုမည်မဟုတ်ပါ။

alert - info

ဘေးအန္တရာယ်ဖြစ်ပြီးနောက် အကူအညီပေးနိုင်သော နည်းလမ်းများအကြောင်းကို: ဟာရီကိန်းဟယ်လင် မုန်တိုင်း ဖြစ်ပြီး ကူညီရန်တွင်ပိုမိုလေ့လာပါ

ဤအချက်သည် မှားယွင်းပါသည်။ မည့်သည့်ငွေမှ ဘေးအန္တရာယ် တုံ့ပြန်ရေး လိုအပ်ချက်များအတွက်လွှဲပြောင်းခြင်း မရှိပါ။ FEMA ၏ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများနှင့် တစ်ဦးချင်းအကူအညီများကို ဘေးအန္တရာယ်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် သီးသန့်ရန်ပုံငွေဖြစ်သည့် ဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေ(Disaster Relief Fund) မှတစ်ဆင့် ရန်ပုံငွေထောက်ပံ့ပေးပါသည်။ ဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေ(Disaster Relief Fund)မှ ငွေများကို အခြားသော ဘေးအန္တရာယ်နှင့် မသက်ဆိုင်သော ဆောင်ရွက်မှုများသို့ လွှဲပြောင်းပေးခြင်း မရှိပါ။

FEMA အလှူငွေလွှဲခြင်း၊ အလှူငွေများဖြင့် ထရပ်ကားများ သို့မဟုတ် မော်တော်ယာဥ်များကို ရပ်တန့်ခြင်း၊ ထောက်ပံ့ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် သိမ်းခြင်းဆိုင်ရာ ကောလာဟလများသည် ဘေးအန္တရာယ်တစ်ခုပြီးနောက် မကြာခဏ ပျံ့နှံ့လေ့ရှိပါသည်။ ဤအားလုံးမှာ အမှားဖြစ်ပါသည်။ 

FEMA သည် အသက်ရှင်ကျန်ရစ်သူများ သို့မဟုတ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများထံမှ အလှူငွေများနှင့်/သို့မဟုတ် အစားအစာများကို မယူပါ။ အစားအသောက်၊ ရေ သို့မဟုတ် အခြားပစ္စည်းများ လှူဒါန်းခြင်းကို သိုလှောင်ခြင်း၊ ခွဲခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြန့်ဝေပေးခြင်းတို့ကို အထူးပြုသော စေတနာ့ဝန်ထမ်းအေဂျင်စီများက ကိုင်တွယ်သည်။ 

FEMA သည် လက်နက်ကိုင်အစောင့်များဖြင့် ယာဉ်ရပ်နားခြင်း သို့မဟုတ် လမ်းပိတ်ခြင်းကို မကိုင်တွယ်ပါ - ၎င်းတို့ကို ဒေသန္တရဥပဒေစိုးမိုးရေးမှ လုပ်ဆောင်သည်။

နောက်ဆုံးသတင်း