UNION၊YORK ကောင်တီများရှိ သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင် ရေးစင်တာများ လုပ်ငန်းဆောင်ရွက်မှုကို တိုးချဲ့ခြင်း [https://www.fema.gov/my/press-release/20241127/disaster-recovery-centers-extending-operations-union-york-counties] Release Date: နိုဝင်ဘာလ 27, 2024 COLUMBIA, S.C. - Union နှင့် York ကောင်တီများရှိ သဘာဝဘေး အန္တရာယ်ပြန်လည် ထူထောင်ရေးစင်တာများသည် ၎င်းတို့၏လုပ်ငန်း ဆောင်ရွက်မှုကို နဂိုမူလ ပိတ်သိမ်းမည့်ရက်ထက်ကျော်လွန်၍ ဆက်လက် ဆောင်ရွက်ပါလိမ့်မည်။ စင်တာ ၂ခုစလုံးသည် ယခုအခါ ဒီဇင်ဘာလ ၆ ရက်အထိ လုပ်ငန်းဆောင်ရွက် ပါလိမ့်မည်။  * UNION COUNTY: Union County Library, 300 E. South St., Union, SC 29379 ဖွင့်ရက် - နိုဝင်ဘာလ ၂၆ ရက်-၂၇ ရက် ၊ ဒီဇင်ဘာလ ၂ ရက်-၆ ရက်၊  နံနက် ၈ နာရီ - ညနေ ၇ နာရီ ပိတ်ရက် - နိုဝင်ဘာလ ၂၈ ရက် ၊ ဒီဇင်ဘာလ ၁ ရက်   * YORK COUNTY: York County Library, 138 E. Black St., Rock Hill, SC 29730 ဖွင့်ရက် - နိုဝင်ဘာလ ၂၆ ရက် -၂၇ ရက်၊ ဒီဇင်ဘာလ ၂ ရက် - ၅ ရက်၊  နံနက် ၉း၃၀ နာရီ - ညနေ ၆း၃၀ နာရီ  ဒီဇင်ဘာလ ၆ ရက် ၊ နံနက် ၉း၃၀ နာရီ - ညနေ ၅း၃၀ နာရီ ပိတ်ရက် - နိုဝင်ဘာလ ၂၈ ရက် ၊ ဒီဇင်ဘာလ ၁ ရက်   အခြားသောပြည်နယ်များတွင်အပါအဝင် အခြားစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc [http://www.fema.gov/drc] သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများသည် အထောက်အပံ့အတွက် စင်တာသို့ လာရောက်ရန်မလိုပါ။ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများအနေနှင့် အွန်လိုင်းမှ DisasterAssistance.gov. [https://www.disasterassistance.gov/] လျှောက်ထားရန် တိုက်တွန်းအားပေးပါသည်။ မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ် [https://www.fema.gov/about/news-multimedia/mobile-products] သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့်  စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် [https://www.youtube.com/watch?v=WZGpWI2RCNw].ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။