FEMAအကူအညီများလျှောက်ထားရန်နောက်ဆုံးသတ်မှတ်ရက်ကျော်သွားသော်လည်းအကူအညီများရယူနိုင်ဆဲဖြစ်သည်။ [https://www.fema.gov/my/press-release/20241126/fema-deadline-passed-assistance-still-available] Release Date: နိုဝင်ဘာလ 26, 2024 ဇူလိုင်လကမုန်တိုင်းကြီးများဘေးဒဏ်ခံရသူများအတွက် FEMA တွင် အကူအညီအတွက်လျှောက်ထားရမည့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် နိုဝင်ဘာလ၂၅  ရက်ကိုကျော်လွန်သွားပြီဖြစ်သော်လည်း၊ အေဂျင်စီကိုယ်စားလှယ်များသည် မေးခွန်းများကိုဖြေဆိုရန်နှင့် ဗားမွန့်ပြည်နယ်နေထိုင်သူများ၏လျှောက်လွှာများကို ပြီးမြောက်အောင်ကူညီပေးဖို့ ရှိနေဆဲဖြစ်ပါသည်။ အထူးသဖြင့် နေအိမ်လိပ်စာပြောင်းလဲမှု သို့မဟုတ် ၎င်းတို့၏ လျှောက်လွှာများတွင် အခြားနောက်ဆုံးအချက်အလက်များထပ်ထည့်သွင်းလိုပါက လျှောက်ထားသူများအနေဖြင့် အေဂျင်စီနှင့် အမြဲအဆက်အသွယ်မပြတ်ရှိနေရန် တိုက်တွန်းပါသည်။  လျှောက်လွှာမှာမိမိ၏နောက်ဆုံးအချက်အလက်များထည့်သွင်းလိုပါက သို့မဟုတ် မေးမြန်းလိုပါက အကူအညီပေးသည့်ဖုန်းလိုင်း Helpline 1-800-621-3362 သို့ ဖုန်းခေါ်ဆိုပါ။ ဖုန်းလိုင်းများကို နံနက် ၇ နာရီကနေ ည ၁၀ နာရီအထိ (သင်၏ဒေသစံတော်ချိန်) တစ်ပတ်လျှင် ခုနစ်ရက်လုံး ဖုန်း ခေါ်ဆိုနိုင်ပါသည်။ အကူအညီတောင်းခံမှုကို ဘာသာစကား အတော်များများဖြင့် ရနိုင်ပါသည်။ ဗီဒီယို ထပ်ဆင့် လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းထိုးပါသည့် တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားဝန်ဆောင်မှုများကို အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် FEMA ကို သင့် ဖုန်းနံပါတ်ကို ပေးထားရပါမည်။ ဗားမွန့်ပြည်နယ်မှာနေထိုင်သူများသည် အချိန်သီးခြားစီဖြစ်ပေါ်သည့်သဘာဝဘေးအန္တရာယ်မုန်တိုင်းကြီးနှစ်ခုအတွက် အကူအညီလျှောက်ထားရန် သတ်မှတ်ချက်နှင့်ကိုက်ညီအကျုံးဝင်သည်။။  ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်အထိ တိုက်ခတ်ခဲ့သော ပထမမုန်တိုင်းသည်အက်ဒီဆန် ADDISON၊  ကလယ်ဒိုနီးယားCALEDONIA၊  ချစ်တန်ဒင် CHITTENDEN၊  အက်ဆစ်စ်ESSEX၊ လမိုလ်လီယ်LAMOILLE၊ အော်လင်းစ် ORLEANS နှင့် ဝါရှင်တန် WASHINGTON တို့၏  သတ်မှတ်ထားသောကောင်တီများမှာဖြစ်ပွားခဲ့သည်။ ဇူလိုင်လ ၂၉ မှ ၃၁ ရက်နေ့အထိတိုက်ခတ်ခဲ့သော ဒုတိယမုန်တိုင်းသည် ကလယ်ဒိုနီးယားCALEDONIA၊  အက်ဆစ်စ်ESSEX နှင့်အော်လင်းစ်  ORLEANS  တို့၏သတ်မှတ်ထားသောကောင်တီများတွင်ဖြစ်ပွားခဲ့သည်။  ဇူလိုင်လက မုန်တိုင်း_နှစ်ခုစလုံး_ဘေးဒဏ်သင့်ခဲ့သော ဗားမွန့်ပြည်နယ်မှာနေထိုင်သူများသည် မုန်တိုင်းတခုချင်းစီအတွက် သီးခြားလျှောက်လွှာများ တင်ပြီးအကူအညီလျှောက်ထားနိုင်သည်။ နောက်ဆုံးသတ်မှတ်ရက်အထိ မလျှောက်ထားခဲ့ရသူများသည် အဘယ်ကြောင့် အကူအညီကိုမလျှောက်ထားဘဲလွတ်သွားရသနည်းဆိုသည်ကိုအထောက်အထားခိုင်လုံစွာတင်ပြပေးရမည်။ အကြောင်းပြချက်များတွင် အောက်ပါအချက်အလက်များပါဝင်နိုင်သည်။ဆေးရုံတက်ပြီးဆေးကုသခြင်းမှတ်တမ်း၊ နာမကျန်းမှု သို့မဟုတ် လျှောက်ထားသူ၏ မသန်စွမ်းမှု သို့မဟုတ် မိသားစုဝင်အရင်းအချာတစ်ဦး၊ မိသားစုဝင်တစ်ဦး သေဆုံးခြင်း၊ သို့မဟုတ် လျှောက်လွှာတင်ရန်ခွင့်ပြုချက်ကာလတလျှောက်လုံး လျှောက်ထားသူသည် နေထိုင်ရာဒေသမှာမရှိဘဲ ပြင်ပသို့ ခရီးထွက်နေရသည့် ကိုယ်ရေးကိုယ်တာ သို့မဟုတ် လုပ်ငန်းဆိုင်ရာ ခရီးသွားအထောက်အထား။ . FEMA အကူအညီပေးရေးကျွမ်းကျင်သူများသည် လျှောက်ထားသူများအနေဖြင့် ၎င်းတို့ရသင့်ရထိုက်သော အကူအညီပံ့ပိုးငွေအားလုံးကို လက်ခံရရှိစေရန် လျှောက်ထားသူများကို လိုက်ပါဆက်သွယ်ပြီး ဆက်လက်ဆောင်ရွက်ပါသည်။ ယခုအချိန်အထိ ဇူလိုင်လ ၉ရက်မှ -၁၁ရက်အထိ ဖြစ်ပွားခဲ့သောမုန်တိုင်းဘေးဒဏ်အတွက် အကူအညီလျှောက်ထားသည့် စုစုပေါင်း လျှောက်ထားသူ ၂၂၈၂ ဦး ရှိပြီး၊ သူတို့ထဲက ၁၇၀၆ ဦးသို့  FEMA က ဆက်သွယ်ခဲ့ပြီး နောက်ထပ် အမေရိကန်ဒေါ်လာ ၁.၄သန်း အကူအညီအတွက်အတည်ပြုပေးခဲ့သည်။ ဇူလိုင် ၂၉ရက်မှ-၃၁ရက် အထိ ဖြစ်ပွားခဲ့သောမုန်တိုင်းဘေးဒဏ်အတွက် ကျွမ်းကျင်သူများသည် အကူအညီလျှောက်ထား သူ စုစုပေါင်း ၃၁၃ ဦးထဲမှ ၂၄၅ ဦးကို ဆက်သွယ်ခဲ့ပြီးနောက်ထပ်အကူအညီငွေ အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀ ကို အတည်ပြုပေးခဲ့သည်။ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ဇူလိုင်လက ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသော ဗားမွန့်ပြည်နယ်နေသူများသည် အောက်ပါအကူအညီများကို ရရှိခဲ့ပါသည်။ * . ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သောမုန်တိုင်းဘေးဒဏ်အတွက် ဒေါ်လာ ၉.၁ သန်းကျော်ကို အတည်ပြုပြီးဖြစ်သည်။ *  အိမ်ရာအကူအညီအတွက်  အမေရိကန်ဒေါ်လာ ၅,၃၉၅, ၁၃၉ *  အခြားလိုအပ်ချက်များအတွက်  အမေရိကန်ဒေါ်လာ  ၃, ၂၅၃, ၁၄၄      *   အမေရိကန်အသေးစားစီးပွားရေးလုပ်ငန်းများစီမံခန့်ခွဲမှုအဖွဲ့   (SBA) မှ အတိုးနည်း သဘာဝဘေးအန္တရာယ်ချေးငွေအတွက်  အမေရိကန်ဒေါ်လာ ၅၀၅, ၅၀၀ *  ဇူလိုင် ၂၉ မှ ၃၁ ရက်အထိ ဖြစ်ပွားခဲ့သောမုန်တိုင်းဘေးဒဏ်အတွက် ဒေါ်လာ ၁.၂ သန်းကျော် အတည်ပြုပေးခဲ့သည်။ * အိမ်ရာအကူအညီအတွက်  အမေရိကန်ဒေါ်လာ  ၇၂၈ ,၁၈၅ * အခြားလိုအပ်ချက်များအတွက်  အမေရိကန်ဒေါ်လာ  ၄၇၇,၁၈၃ *  အမေရိကန်အသေးစားစီးပွားရေးလုပ်ငန်းများစီမံခန့်ခွဲမှုအဖွဲ့  (SBA) မှ အတိုးနည်း သဘာဝဘေးအန္တရာယ်ချေးငွေအတွက်  အမေရိကန်ဒေါ်လာ ၃၁,၂၀၀