SOUTH CAROLINA နေထိုင်သူများသည် ကြားခံပြောင်းရွှေ့နေထိုင်ရေး အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်မှု [https://www.fema.gov/my/press-release/20241101/south-carolinians-may-be-eligible-transitional-sheltering-assistance] Release Date: နိုဝင်ဘာလ 1, 2024 COLUMBIA, S.C. – South Carolina တွင် နေထိုင်သူများတွင် Hurricane Helene ကြောင့် မိမိတို့အိမ်မှ ပြောင်းရွှေ့နေထိုင်ရသူများ အနေနှင့် FEMA မှ ကြားခံပြောင်းရွှေ့နေထိုင်ရေး အထောက်အပံ့(TSA)  အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်မှုရှိပါလိမ့်မည်။ လူတဦးချင်းနှင့် မိသားစုအလိုက် သဘာဝဘေးအန္တရာယ် အထောက်အပံ့ အတွက် လျှောက်ထားခဲ့သူများသည် သူတို့အိမ်ရာ အစီအစဉ်အတွက် ရေရှည် လုပ်ဆောင်ရမည်ဖြစ်ပါက ၎င်းတို့ ယာယီနေထိုင်ရန် ဟိုတယ် သို့မဟုတ် မိုတယ်များ တည်းခိုစရိတ်ကို FEMAမှ ပေးရန် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါလိမ့်မည်။ Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များ အနေနှင့် အကယ်၍ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော မိမိတို့၏အိမ်သို့ ပြန်နေရန် မဖြစ်နိုင်ခြင်းနှင့် ယင်းတို့၏ အိမ်လိုအပ်ချက် အတွက် အာမခံအကာအကွယ် အကျုံးဝင်မှုမရှိခြင်း စသည်တို့အတွက် နေထိုင်ရာ သို့မဟုတ် ငှားရမ်းစရာ အထောက်အပံ့ကို FEMA သို့မဟုတ် အခြားသော အေဂျင်စီမှ ထောက်ပံ့ရန် သတ်မှတ်အရည်အချင်း ပြည့်မီပါလိမ့် မည်။ ဤအထောက်အပံ့ကို တောင်းခံရန် မလိုအပ်သူများ FEMA သည် အလိုလျှောက်ဖုန်းခေါ်ဆိုမှု၊ စာရေး၍ အကြောင်းကြားမှု နှင့်/သို့မဟုတ် အီးမေးလ်စသည်ဖြင့် အထောက်အပံ့အတွက် လျှောက်ထား စဉ်က ၎င်းတို့ရွေးချယ်ထားသည့် ဆက်သွယ်ရန်နည်းလမ်းများအတိုင်း ၎င်းတို့၏ သတ်မှတ်အရည်အချင်း ပြည့်မီမှုရှိမရှိကို သတိပေးအကြောင်း ကြားလိမ့်မည်ဖြစ်သည်။ သတ်မှတ်အရည်အချင်းပြည့်မီသူ ဘေးအန္တရာယ်မှ လွတ်မြောက်လာသူ များသည် Georgia၊ Alabama၊ North Carolina၊ South Carolina and Tennessee ရှိ TSA တွင်အကျုံးဝင်သည့် ဟိုတယ်များတွင် နေထိုင်နိုင်ပါ လိမ့်မည်။ အကျုံးဝင်သည့် ဟိုတယ်များ၏တည်နေရာကို ရှာရန်  femaemergencyhotels.com/ [https://www.femaemergencyhotels.com/] ကိုဝင်ရောက်ပြီးလျှင်၊ သင် FEMA ကို လျှောက်ထားစဉ်က ပါဝင်သည့် FEMA စာရင်းမှတ်ပုံတင် နံပါတ်ကို ရိုက်ထည့်ပါ။ TSA အစီအစဉ်အောက်တွင် FEMA မှ အခန်းခ၊ အခွန်နှင့် ဟိုတယ်နှင့် မိုတယ်တွင် တိုက်ရိုက်အကျုံးဝင်သည့် ပြန်လည်ပေးဆောင်ရန်မလိုသည့် အိမ်မွေးတိရိစ္ဆာန်အခကြေးငွေများကို ပေးဆောင်မည်။ အိမ်မွေးတိရိစ္ဆာန်အခကြေးငွေများကိုလူတဦးချင်းစီ၏အခန်းများအတွက် ကန့်သတ်ထားသည့် အထောက်အပံ့ခွင့်ပြုချက်အထိသာ ပေးပါလိမ့်မည်။ ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအနေနှင့် အခြားသော ပေးရမည့် အဖိုးအခများ၊ ယင်းတို့မှာ အဝတ်လျှော်ခ၊ စားသောက်ဆိုင်၊ အခန်းရှင်း လင်းခ၊ ကားရပ်ခ၊ တယ်လီဖုန်းခနှင့် ရုပ်ရှင်ငှားရမ်းကြည့်ခများ အပါဝင် အားလုံးသော ပေးဆောင်ရန် အဖိုးအခများအတွက် တာဝန်ရှိပါသည်။  အစကနဦးသတ်မှတ်အရည်အချင်း ပြည့်မီမှု ပြန်လည်သုံးသပ်ခြင်းကို တည်းခိုဝင်ရောက် စာရင်းစတင်သွင်းပြီးနောက် ရက် ၆၀ အကြာတွင် လုပ်ဆောင်ပါလိမ့်မည်။ သတ်မှတ်အရည်အချင်းပြည့်မီမှု ပြီးဆုံးပါက ဘေးအန္တရာယ်မှ လွတ်မြောက် လာသူများအတွက် FEMA တည်းခိုနေရာမှ ပြန်ထွက်ရန် ၇ ရက် ကြိုတင်၍ သတိပေးအကြောင်းကြားပါလိမ့်မည်။ TSA အကျုံးဝင်သူများသည် အခြားသော ဖက်ဒရယ်မှ ငွေကြေးထောက်ပံ့မှု များအတွက်လည်း သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါလိမ့်မည်။ ယင်းတွင် နေရာရွှေ့ပြောင်းမှုအထောက်အပံ့၊ အိမ်ငှားရန် အထောက်အပံ့၊ အိမ်ပြင်ဆင် ရန် အထောက်အပံ့နှင့် အခြားသော ပုံစံတဦးချင်း အထောက်အပံ့ အစီအစဉ် များ ပါဝင်ပါသည်။ အထောက်အပံ့လျှောက်ထားရန် အိမ်ပိုင်ရှင်များ နှင့် အိမ်ငှားများတို့သည် အွန်လိုင်း DisasterAssistance.gov [https://www.disasterassistance.gov/] မှ လျှောက်ထားနိုင် ပါသည်။  လူကိုယ်တိုင်အကူအညီရယူရန်အတွက် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးစခန်းတခုခုသို့သွားနိုင်သည်။ သင်နှင့်အနီးစပ်ဆုံးစင်တာကိုရှာဖွေရန်အတွက် fema.gov/drc [http://www.fema.gov/drc] သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ် [https://www.fema.gov/about/news-multimedia/mobile-products] သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပါသည်။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။  လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့်  စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် [https://www.youtube.com/watch?v=WZGpWI2RCNw].ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။