ရွေးကောက်ပွဲနေ့တွင် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ဌာနများပိတ်မည်။ [https://www.fema.gov/my/press-release/20241030/disaster-recovery-centers-close-election-day] Release Date: အောက်တိုဘာလ 30, 2024 ဇူလိုင်လ ၁၁-၁၃ နှင့် ဇူလိုင်လ ၂၉-၃၁ တို့တွင် ဖြစ်ပွားခဲ့သည့်မုန်တိုင်းတိုက်ခတ်မှုနှင့်ရေကြီးမှုများအတွက်ထူထောင်ထားသော သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာများကို ရွေးကောက်ပွဲနေ့အတွက် နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့ တွင်ပိတ်ထားမည်။ အဆိုပါစင်တာများမှာ Newport Municipal Building (222 Main St) နှင့် Lyndon Public Safety Facility (316 Main St) တွင် တည်ရှိသည်။ HINESBURG မြို့တော်ခန်းမ (10632 ROUTE 116) ကို ရွေးကောက်ပွဲမဲပေးသည့်နေရာမဲရုံအဖြစ် အသုံးပြုမည်ဖြစ်သောကြောင့် နိုဝင်ဘာလ၄ ရက် တနင်္လာနေ့ ကနေ နိုဝင်ဘာလ၆ ရက် ဗုဒ္ဓဟူးနေ့အထိ ပိတ်မည်။ Newport နှင့် Lyndon ရှိ သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာDRC များသည် နိုဝင်ဘာလ ၆ ရက်နေ့ ဗုဒ္ဓဟူးနေ့၊ နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်မည်။ Hinesburg ရှိ သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာDRC သည် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာDRC များအားလုံးအတွက် ရုံးချိန်သည် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိဖြစ်သည်။ တနင်္လာနေ့ မှ- စနေနေ့ အထိ ရေလွှမ်းမိုးမှုဒဏ်ခံရသောဒေသမှာနေထိုင်သူများအနေဖြင့် FEMA အကူအညီရယူရန် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာသို့ သွားရောက်ရန် မလိုအပ်ပါ။ အကူအညီအတွက်လျှောက်ထားရန်နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ဖြစ်သည်။   ထိုအကူအညီအတွက်လျှောက်ထားရန် နည်းလမ်းသုံးမျိုးရှိသည်။   * အွန်လိုင်းကတဆင့်  DisasterAssistance.gov [https://www.fema.gov/press-release/20240606/DisasterAssistance.gov] *  FEMA mobile app [https://www.fema.gov/about/news-multimedia/mobile-products]  အက်ပလီကေးရှင်း * FEMA Helpline 1-800-621-3362သို့ဖုန်းခေါ်ဆိုပါ။ ဖုန်းလိုင်းများကို မနက် ၇နာရီကနေ  ည၁၀ နာရီအထိ (သင်၏ဒေသစံတော်ချိန်)တွင် တစ်ပတ်လျှင်ခုနစ်ရက်လုံးခေါ်ဆိုနိုင်ပါသည်။  အကူအညီတောင်းခံမှုကို ဘာသာစကားအတော်များများဖြင့် ရနိုင်ပါသည်။  ဗီဒီယို ထပ်ဆင့်လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းထိုးပါသည့် တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားဝန်ဆောင်မှုများကို အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် FEMA ကို သင့်ဖုန်းနံပါတ်ပေးထားပါ။ အကူအညီကိုမည်သို့လျှောက်ထားရယူမလဲဆိုတာနှင့်ပတ်သက်သည့် ဗီဒီယိုကို ကြည့်ရန် ဒီလင့်ကိုသွားပါ။, youtube.com/watch?v= WZGpWI2RCNw [http://www.youtube.com/watch?v=WZGpWI2RCNw].