SOUTH CAROLINA တွင် နေရာရွှေ့ပြောင်းမှု အထောက်အပံ့ ရရှိနိုင်မှု [https://www.fema.gov/my/press-release/20241025/displacement-assistance-available-south-carolina] Release Date: အောက်တိုဘာလ 24, 2024 South Carolina ရှိ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားနေသူများ အနေနှင့် Hurricane Helene ကြောင့် ပျက်စီးထိခိုက် သွားသော မိမိတို့ အိမ်သို့ မပြန်နိုင်ကြသူများသည် FEMA နေရာရွှေ့ပြောင်းမှု အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါသည်။.  နေရာရွှေ့ပြောင်းမှုအထောက်အပံ့သည် အသက်ရှင်ကျန်သူများအနေနှင့် ဟိုတယ် သို့မဟုတ် မိုတယ်တခုခုတွင် မိသားစု သို့မဟုတ် မိတ်ဆွေများနှင့် နေထိုင်ရေးအတွက် အသုံးပြုရန် သို့မဟုတ် အခြားသောရနိုင်သည့်အိမ်ယာ များတွင်နေထိုင်ရေးအတွက်အသုံးပြုရန် ငွေကြေးအထောက်အပံ့ဖြစ်ပါသည်။  ဘယ်သူတွေက နေရာရွှေ့ပြောင်းမှုအထောက်အပံ့ ရနိုင်သလဲ။ ဘေးအန္တရာယ်မှလွတ်မြောက်လာသူများသည် နေရာရွှေ့ပြောင်းမှု အထောက်အပံ့အတွက် သတ်မှတ်ချက်အရည်အချင်း ပြည့်မီနိုင်ပါသည်၊ အကယ်၍ * ထိခိုက်သွားသော အိမ်သည် မူလနေထိုင်ရာဖြစ်ပြီး ဤနှစ်အတွင်း အချိန်အတန်ကြာနေထိုင်ခဲ့ခြင်း  * FEMA သည် လျှောက်ထားသူ၏ကိုယ်ရေး သက်သေအထောက်အထား များကို အတည်ပြုနိုင်ပါသည်။ * အိမ်သည် သဘာဝဘေးအန္တရာယ်ကြေငြာထားသော ဧရိယာအတွင်းရှိခြင်း ယင်းတွင် Abbeville၊ iken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များ ပါဝင်ပါသည်။ * FEMA ကြည့်ရှုစစ်ဆေးမှုအရ အိမ်သည် နေထိုင်ရန်အတွက် ဘေးကင်းလုံခြုံ မှုမရှိ ဟုဆုံးဖြတ်ခြင်း သို့မဟုတ် အိမ်ကို စစ်ဆေးရန် ၀င်ရောက်ရန်မဖြစ်နိုင် သောကြာင့် ကြည့်ရှုစစ်ဆေးမှုပြီးပြည့်စုံအောင် မလုပ်နိုင်ခြင်း * အိမ်ပိုင်ရှင်တွင် အာမခံမရှိခြင်း သို့မဟုတ် ယင်းတို့၏ အာမခံတွင် နေထိုင်မှုစရိတ် သို့မဟုတ် အသုံးပြုပစ္စည်းပျက်စီးပျောက်ဆုံးမှုအတွက် အပိုဆောင်းအာမခံ မပါရှိခြင်း * လျှောက်ထားသူသို့မဟုတ် အိမ်ထောင်စုဝင် ထဲမှ တဦးဦးသည် အမေရိကန် နိုင်ငံသား၊ အမေရိကန်နိုင်ငံသားမဟုတ်သည့် နိုင်ငံသားသို့မဟုတ် သတ်မှတ်ချက်အရည်အချင်းပြည့်မီသည့် အမေရိကန် နိုင်ငံသားမဟုတ်သူ ဖြစ်ခြင်း သင့်အနေနှင့် နေရာရွှေ့ပြောင်းမှု အထောက်အပံ့ အဘယ်မျှရနိုင်သလဲ။ နေရာရွှေ့ပြောင်းမှု အထောက်အပံ့အတွက် ပေးသည့် ငွေကြေးပမာဏသည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုရှိသည့် ပြည်နယ်၊ နယ်မြေ သို့မဟုတ် တိုင်းရင်းသားပိုက်နက်နယ်မြေတို့မှ သတ်မှတ်သည့် နှုန်းထားအရ ဟိုတယ် တခုတွင် ၁၄ ရက်စာနေထိုင်သည့် ကုန်ကျငွေပမဏကို အခြေခံပြုပါသည်။ နေရာရွှေ့ပြောင်းမှုအထောက်အပံ့သည် တကြိမ်သာ ထောက်ပံ့သည်။ အကယ်၍သင်သည် နေရာရွှေ့ပြောင်းမှု အထောက်အပံ့ကို အသုံးပြုခဲ့ပြီးသော် လည်း အိမ်ယာအတွက် လိုအပ်ချက် ဆက်၍ရှိနေဆဲဖြစ်ပါက သင်သည် FEMA အိမ်ငှားအထောက်အပံ့အတွက်  အရည်အချင်းပြည့်မီနိုင်ပါသည်။  အကယ်၍ သင်သည်အာမခံ ရှိထားပါက တစုံတယောက်သည်အာမခံရှိထားပြီး ယင်းအာမခံသည်အပိုဆောင်းနေထိုင်မှု ကုန်ကျစရိတ် သို့မဟုတ် အသုံးပြုပစ္စည်းများပျက်စီးပျောက်ဆုံးမှုသည် ယင်း ပေါ်လစီတွင် အကျုံးဝင်မှု ရှိနိုင်မည်ဖြစ်ပါက ယင်းတို့၏ အာမခံကုမ္ပဏီသို့ ဆက်သွယ်လိမ့်မည်ဖြစ်သည်။ အကယ်၍ အာမခံကုမ္ပဏီကဘေးအန္တရာယ်မှလွတ်မြောက်လာသူတဦး၏ အာမခံကြေးတောင်းခံချက်ကို ငြင်းပယ်ခြင်း သို့မဟုတ် ဘေးအန္တရာယ်မှ လွတ်မြောက်လာသူအနေနှင့် ထိုကဲ့သို့သော အမျိုးအစား အာမခံတွင် အကျုံးဝင်မှုမရှိခဲ့ပါက၊ ထိုသူများအနေနှင့် နေရာရွှေ့ပြောင်းမှု အထောက်အပံ့ ရရှိနိုင်ပါလိမ့်မည်။ ထပ်မံ၍၊ အပိုဆောင်း နေထိုင်မှုကုန်ကျစရိတ် သို့မဟုတ် အသုံးပြုပစ္စည်း ပျက်စီးပျောက်ဆုံးမှု အကျိုးခံစားခွင့်များကိုသုံးစွဲပြီးသော လျှောက်ထားသူ သည် နေရာရွှေ့ပြောင်းမှု အထောက်အပံ့ကို မရနိုင်သော်လည်း၊ သူတို့အနေနှင့် အကျိုးခံစားခွင့်များကို သုံးစွဲပြီးသည့်တိုင်၊ ယာယီနေထိုင်ရန်အတွက် ငွေပေး ချေရန် အကူအညီလိုအပ်လျက်ရှိနေသေးကြောင်း FEMA  သို့ သက်သေ အထောက်အထားများပေးပို့ခြင်းအားဖြင့် အိမ်ငှား အထောက်အပံ့ကို ရနိုင်ပါ သည်။ ဘေးအန္တရာယ်မှလွတ်မြောက်လာသူများအနေနှင့်သတိပြုရန်မှာ  FEMA သည် အာမခံအထောက်အထားသက်သေစာရွက်စာတမ်းများကို ကြည့်ရှုရန်လိုအပ်သည် ဆိုသည့်အချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အေဂျင်စီအနေနှင့် အခြားသောရင်းမြစ်တခုတွင် အကျုံးးဝင်ထားသော ကုန်ကျစရိတ်ကို ထပ်မံ၍ မပေးနိုင်သောကြောင့်ဖြစ်သည်။ ဘယ်လိုလျှောက်ထားရမလဲ အကယ်၍သင်သည် ယခုတိုင် FEMA အထောက်အပံ့အတွက် လျှောက်ထား မှုမပြုရသေးပါက၊ သင်လျှောက်လွှာတင်ရန် အချိန်ရှိနေပါသေးသည်။ သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည် * အွန်လိုင်း DisasterAssistance.gov [https://www.disasterassistance.gov/].သို့ သွားပါ။ * မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာမဆို လူကိုယ်တိုင်တွေ့ခြင်း သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc [https://egateway.fema.gov/ESF6/DRCLocator] သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ DRC 29169). * သင်၏ဖုန်းတွင် FEMA mobile app [https://www.fema.gov/about/news-multimedia/mobile-products] ကိုအသုံးပြုပါ * FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ ဖုန်းခေါ်ပါ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့်  စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် [https://www.youtube.com/watch?v=WZGpWI2RCNw] ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။