HURRICANE HELENE ပြီးနောက် SOUTH CAROLINA ရှိအိမ်ငှားများအနေနှင့် FEMA ပံ့ပိုးမှုအကူအညီကို လျှောက်ထားနိုင်သည်။ [https://www.fema.gov/my/press-release/20241016/renters-south-carolina-can-apply-fema-assistance-after-hurricane-helene] Release Date: အောက်တိုဘာလ 15, 2024 ကျောင်းသားများအပါအဝင် Hurricane Helene ကြောင့် အာမခံမထားသောဆုံးရှုံးမှုများနှင့်အတူ ဆုံးရှုံးမှုကြုံရသော Abbeville၊ iken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် ဖက်ဒရယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီအတွက် လျှောက်ထားနိုင်ပါသည်။ အိမ်ငှားများကိုလည်း အိမ်ပိုင်ရှင်များနည်းတူ အရေးကြီးသော လိုအပ်ချက်များ၊ ဖယ်ရှားခြင်း၊ယာယီနေထိုင်ရာပေးခြင်း၊ အခြေခံအိမ်ပြင် စရိတ်များ၊ တကိုယ်ရေပိုင်ဆိုင်ပစ္စည်းဆုံးရှုံးမှုများ၊ သိုမဟုတ် အခြားသော ဘေးအန္တရာယ်ကြောင့်ဖြစ်စေသော လိုအပ်ချက်များကိုလည်း FEMA မှ ကူညီကောင်း ကူညီနိုင်ပါလိမ့်မည်။  လျှောက်ထားရန် အမြန်ဆုံးနည်းလမ်းမှာ DisasterAssistance.gov [https://www.disasterassistance.gov/] သို့ အွန်လိုင်းမှ လျှောက်ထားရန်ဖြစ်ပါသည်။ FEMA၊ SOUTH CAROLINAပြည်နယ်နှင့် US အသေးစားစီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံကွပ်ကဲရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံနိုင်သော သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးစခန်းတွင်လည်း လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်သည်။ ရက်ချိန်း ရယူရန် မလိုအပ်ပါ။ စင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc [http://www.fema.gov/drc] သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။  မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ် [https://www.fema.gov/about/news-multimedia/mobile-products] သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယို ထပ်ဆင့်လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းပါသော တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့သော ထပ်ဆင့်လွှင့်ဝန်ဆောင်မှုကို သင်အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ထံ ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် [https://www.youtube.com/watch?v=WZGpWI2RCNw] ကိုရွေးချယ်ပါ။ FEMA ပရိုဂရမ်များသည် မသန်စွမ်းသူများနှင့် သုံးစွဲနိုင်မှုနှင့် အခြေခံလှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များရှိသည့် အခြားသူများကို လက်လှမ်းမီစေနိုင်ပါသည်။