SOUTH CAROLINA တွင် HURRICANE HELENE နောက်ပိုင်း မှိုစွဲမှုများကို ရှင်းလင်းခြင်း [https://www.fema.gov/my/fact-sheet/mold-cleanup-south-carolina-after-hurricane-helene] Release Date: အောက်တိုဘာလ 15, 2024 South Carolina နေထိုင်သူများ အနေနှင့် ယင်းတို့အိမ်များတွင် Hurricane Helene ကြောင့် မှိုစွဲကပ်မှုရင်ဆိုင်တွေ့ကြုံရနိုင်မှုများနှင့် သတိပြုရန်များ စိုထိုင်းမှုလွန်ကဲခြင်းနှင့် ရေကြောင့်မှိုပေါက်ပွါးမှုဖြစ်စေနိုင်သည်။ယင်းကို ကျန်းမာရေး ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု ဘေးထွက်ဆိုးကျိုးများ နှင့် ရှေ့ဆက်၍ ပစ္စည်းပျက်စီးမှုများ လျော့နည်းစေရေးအတွက် လုံခြုံစိတ်ချရစေရန် ဖော်ထုတ်ခြင်း ယခုအချက်အလက်များဖော်ပြထားသည့်စာရွက်တွင် မှိုစွဲကပ်ခြင်းကိစ္စ၊ သက်ဆိုင်သော ဘေးအန္တရာယ်များ၊ ရှင်းလင်းရန် အကြံပြုချက်များ၊နှင့် အပိုဆောင်း ရင်းမြစ်များ မည့်သည့်နေရာတွင် မှိုစွဲကပ်မှုကို မိမိတို့ တွေ့ရှိနိုင်ပါသလဲ မှိုစွဲကပ်မှုကို အတွင်းဘက် နှင့် အပြင်ဘက် မည်သည့်နေရာတွင်မဆို တွေ့ရှိနိုင်သည်။ ယင်းတို့သည် စိုထိုင်းမှုအလွန်များသောနေရာများတွင် ပေါက်ပွါးလိမ့်မည်၊ ဥပမာအားဖြင့် ခေါင်မိုး မိုယိုသောနေရာများ၊ ပြူတင်းပေါက်များ သို့မဟုတ် ပိုက်များ သို့မဟုတ် ရေကြီးရေလျှံခဲ့သောနေရာများ မှိုစွဲကပ်မှုသည် စက္ကူပစ္စည်းများ၊ ကဒ်ဘုတ်များ၊မျက်နှာကြက်ပြားများ နှင့် သစ်သားပစ္စည်းများ တွင်လည်းပေါက်ပွါးနိုင်ကြသည်။ ထို့ထက်ပို၍ မှိုစွဲကပ်မှုကို ဖုံမှုန့်များ၊ သုတ်ဆေးများ၊ နံရံကပ်စာရွက်များ၊ အပူအဧထိန်းပစ္စည်းများ၊ အိမ်တွင်းနံရံများ၊ ကော်ဇော ၊ ပိတ်ထည်များနှင့် ဆိုဖာကူရှင်များ စသည်တို့တွင်လည်းတွေ့နိုင်သည်။ အကယ်၍ သင်၏အိမ်သည် ရေကြီးရေလျှံမှုခံခဲ့ရပါက သင်သည် မှိုစွဲကပ်မှုကိုတွေ့ရှိခြင်းသို့မဟုတ် မှိုနံ့ရခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် ယင်းတို့သည် အိမ်ကြမ်းပြင် သို့မဟုတ် အိမ်သုံးပစ္စည်းများ သို့မဟုတ် နံရံများ နောက်တွင် သို့မဟုတ် အောက်ဖက်တို့တွင် ပုန်းကွယ်၍ရှိနေနိုင်သည်။  မှိုစွဲကပ်ခြင်းနှင့် ပတ်သက်သည့် ပြသနာများ * ဆေးဘက်ဆိုင်ရာ မှိုစွဲကပ်မှုသည် အလာဂျီယားယံမှု၊ ပန်းနာရင်ကြပ်၊ ရောဂါပိုးများ နှင့် အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများ ဖြစ်စေနိုင်သည်။ ယေဘုယျအဖြစ်များသော လက္ခဏာများမှာ မျက်စေ့ သို့မဟုတ် အရေပြား ယားယံခြင်းနှင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာလက္ခဏာများ ဥပမာအားဖြင့် နှာခေါင်းပိတ်ခြင်း နှင့် အသက်ရှုလျှင် အသံမြည်ခြင်း။ * ရုပ်ဝတ္တုပစ္စည်း ဆိုင်ရာ မှိုစွဲကပ်မှုသည် အဆောက်အဦတခု၏ ရုပ်ဝတ္တုပစ္စည်းခိုင်ခံမှုကို ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ သင်၏ပိုင်ဆိုင်မှုစောင့်ထိန်းခြင်းကို သတိပြုဆောင်ရွက်ရမည်။ သင်၏အိမ်တွင် မှိုစွဲကပ်မှုတွေ့ရှိရပါက ယင်းနှင့်ဆက်စပ်ပြီးကူးစက်နိုင်သော အရာအားလုံးကို ရှင်းလင်းပြီး ခြောက်သွေ့အောင်ထားရမည်။ ကောင်းစွာသန့်ရှင်းစေခြင်းသို့မဟုတ် အခြောက်ခံခြင်းကို ၂၄-၄၈ နာရီအတွင်း မလုပ်ဆောင်နိုင်သောပစ္စည်းများကို ဘေးဖယ်ထားရမည် ယင်းတွင် အဆောက်အဦပစ္စည်းများနှင့် ပုဂ္ဂလိကသုံးပစ္စည်းများလည်း အကျုံးဝင်သည်။ ကလေးသူငယ်များသည် သဘာဝဘေးအန္တရာယ်ရှင်းလင်းရေးလုပ်ငန်းတွင် မပါဝင်သင့်ပါ။ မှိုစွဲကပ်မှုကို ဘေးကင်းလုံခြုံစွာ မည်သို့ ရှင်းလင်းမည်လဲ မှိုစွဲကပ်မှု ဖယ်ရှားရေးနှင့် အိမ်ပြင်ဆင်ရေးသည် ခက်ခဲခြင်း သို့မဟုတ် အန္တရာယ်ရှိခြင်းများဖြစ်နိုင်ပါသည်။သို့ဖြစ်ရာ ကျွမ်းကျင်သူတဦးတယောက် ၏ အကူအညီရယူခြင်းသည် အကောင်းဆုံးဖြစ်နိုင်ပါသည်။ အကယ်၍ မှိုစွဲကပ်မှု ဖယ်ရှားခြင်းကို သင်ကိုယ်တိုင် လုပ်ဆောင်မည်ဆိုပါက အောက်ပါ အကြံပြုချက်များကို လိုက်နာပါ။ * သင့်ကိုယ်သင်ကာကွယ်ပါ။ တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ပါ၊ ဥပမာ မျက် လုံးကာ မျက်နှာဖုံး သို့မဟုတ် မျက်မှန် ၊မျက်နှာဖုံးကာ လေစစ် (N95 အသက်ရှူ မျက်နှာဖုံးကဲ့သို့သော)၊ လက်အိတ်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ နှင့် ရေလုံရှုးဖိနပ်အရှည် စသည်တို့သည် သင့်ခန္ဓာကိုယ်နှင့် မှို ထိတွေ့မှုကို ရှောင်ရှားနိုင်ရန် အထောက်အကူဖြစ်ပါလိမ့်မည်။ * လေထုတ်ပစ်ပါ။  ပစ္စည်းများကို ဖြစ်နိုင်သမျှမြန်မြန် သန့်ရှင်းအောင်နှင့် ခြောက်သွေ့အောင်လုပ်ပါ။ အချိန်အတိုင်းအတာတခုအတွက် သင်မနေမီ တံခါးပေါက်များနှင့် ပြူတင်းပေါက်များကို ဖွင့်ပြီး လေထွက်အောင် အနည်း ဆုံး မိနစ် ၃၀ မျှထားပါ။ သင့်အနေနှင့် အတွင်းတံခါးများ အထူးသဖြင့် အဝတ်ဘီရိုခန်းများ၊ အတွင်းအခန်းများ၊ မီးဖိုချောင် ကက်ဘိနက်များ နှင့် ရေချိုးခန်းလေဝင်ပေါက်များကိုလည်း ဖွင့်ထားပါ။ သင်အလုပ်လုပ်နေစဉ် နှင့် ပြန်လည်ထွက်ခွာချိန်တွင် အားလုံးသော တံခါးများနှင့် ပြူတင်းပေါက်များကို ဖွင့်ထားပါ၊ သင်ထွက်ခွာသောအခါ သင်စိတ်ချနိုင်လောက် ဖြစ်နိုင်သမျှများများဖွင့်ထားပါ။ * လှည့်ပတ်မှု လျှပ်စစ်မီးကို အသုံးပြုရန် စိတ်ချရပါက ပန်ကာများအသုံးပြုခြင်း၊ ရေငွေ့စုပ်စက်များအသုံးပြုခြင်းသည် စိုထိုင်းမှုကို ဖယ်ရှားရာတွင် အထောက်အကူဖြစ်စေသည်။ * ကူးစက်မှုရှိနေသည့် ပစ္စည်းများအားလုံးကို ဖယ်ရှားပါ စိုစွတ်နေသော၊ သန့်ရှင်း၍မရနိုင်သည့်အရာများနှင့် လုံးဝခြောက်သွေ့အောင်မလုပ်နိုင်သည့် ပစ္စည်းများအားလုံးကို ဖယ်ရှားခြင်း နှင့် စွန့်ပစ်ခြင်းပြုပါ။ * သန့်ရှင်းခြင်း ဆပ်ပြာ နှင့် ရေကို သုံး၍သန့်ရှင်းပါ။ သင်တွေ့ရသမျှ မှိုစွဲကပ်နေမှုကို ဖယ်ရှားပါ။ ချက်ခြင်း ပြန်လည်ခြောက်သွေ့ပါစေ။ အိမ်ကို သင်သန့်ရှင်းရေးလုပ်ပြီးသည်နောက် ၊ ရေချိုးပြီး သင့်အဝတ်အစား များ လဲလှယ်ခြင်းကို ဖြစ်နိုင်သမျှမြန်မြန်လုပ်ခြင်းဖြင့် သင်လက်ရှိနေထိုင်နေ သော နေရာသို့ မှိုသယ်ဆောင်လာခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ * သန့်ရှင်းရေးပစ္စည်းများကို မရောပါနှင့်။ အကယ်၍ သင်သည် သန့်ရှင်းရေးပစ္စည်းများသုံးပါက ယင်းတို့ကို မရောပါနှင့်။ ချွတ်ဆေး နှင့် အမိုးနီးယား ရောစပ်ပါက အဆိပ်ငွေ့များဖြစ်စေနိုင်သည်။ * ပြုပြင်ရန်အတွက် ပြင်ဆင်ခြင်း မှိုစွဲသည့်အပေါ် ဆေးသုတ်ခြင်း သို့မဟုတ် လိုင်းထိုးကြားဖြည့်ခြင်းတို့သည် မှိုပေါက်ပွါးမှုမှုကို မကာကွယ်နိုင်ပါ။ သင်အနေနှင့် ဆေးသုတ်ခြင်း သို့မဟုတ် လိုင်းထိုး ကြားဖြည့်ခြင်း မလုပ်ဆောင်မီ ရေ သို့ မဟုတ် စိုထိုင်းမှုကို ဖြစ်စေသာ ပြဿနာကို သေချာစွာ ပြုပြင်ခြင်းနှင့် မှိုစွဲကပ်မှုကို သန့်ရှင်း အောင်ဦးစွာလုပ်ဆောင်ပါ။ ပြင်ဆင်မှုများမလုပ်မီ အားလုံးသော မှိုနှင့် မှိုစွဲကပ်သောနေရာများကို ဖယ်ရှားပါ။ ထပ်ဆောင်း ရင်းမြစ်များ * သဘာဝဘေးအန္ဓရာယ် နောက်ပိုင်း မှိုစွဲကပ်မှု သန့်ရှင်းရေးဆိုင်ရာ အမ်ရှင်နှင့် အိမ်ငှား အတွက် လမ်းညွှန် CDC [https://www.cdc.gov/mold-health/media/Homeowners_and_Renters_Guide.pdf] * မှိုစွဲကပ်မှု သန့်ရှင်းရေး လမ်းညွှန် နှင့် ထောက်ခံအကြံပြုချက်များ | Mold | CDC [https://www.cdc.gov/mold-health/about/clean-up.html] * သင့်အိမ်တွင် မှိုစွဲကပ်မှု သန့်ရှင်းရေး EPA [https://www.epa.gov/mold/mold-cleanup-your-home] * မှိုစွဲကပ်ခြင်းနှင့် ကျန်းမာရေး EPA [https://www.epa.gov/mold/mold-and-health] * မှိုစွဲကပ်ခြင်းနှင်ပတ်သက်၍ သင်သိထားသင့်သော အကြောင်းအရာ ဆယ်ခု EPA [https://www.epa.gov/mold/ten-things-you-should-know-about-mold] * မှိုစွဲကပ်မှု စမ်းသပ်ခြင်းနှင့် နမူနာယူခြင်း EPA [https://www.epa.gov/mold/mold-testing-or-sampling] * အပျက်အစီးများနှင့် အဆောက်အဦပျက်များ အား ကိုင်တွယ်ဆောင်ရွက်ခြင်း EPA [https://www.epa.gov/natural-disasters/dealing-debris-and-damaged-buildings] * ရေနစ်မြုပ်သော အိမ်များ ရှင်းလင်းမှု လမ်းညွှန် EPA [https://www.epa.gov/flooded-homes] FEMA အထောက်အပံ့ လျှောက်ထားခြင်း Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများနှင့် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များမှအသက်ရှင်ကျန်ရစ်သူများအနေနှင့် အထောက်အပံ့လိုအပ်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့ FEMA အတွက် မှတ်ပုံတင် စာရင်းသွင်းနိုင်သည်။ ယင်းအတွက် လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်။ * မည်သည့် ကပ်ဘေး ပြန်လည်ထူထောင်ရေး စင်တာမဆိုထံ သွားပါ။ သင်နှင့် အနီးဆုံး စင်တာကို ရှာဖွေရန် အွန်လိုင်း fema.gov/drc [https://egateway.fema.gov/ESF6/DRCLocator] သို့မဟုတ် DRC စာရိုက်ပြီး သင်၏ စာတိုက်နံပါတ် Zip နှင့်အတူ ပို့ရန် 43362 (Ex: DRC 29169) * FEMA Helpline 800-621-3362 သို့ဖုန်းခေါ်ပါ။ အကူအညီအဖြစ် ဘာသာစကားများစွာ ရနိုင်ပါသည်။  * အွန်လိုင်း DisasterAssistance.gov [https://www.disasterassistance.gov/]သို့ သွားပါ။ * FEMA mobile app [https://www.fema.gov/about/news-multimedia/mobile-products]. အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲပါ