WASECA နှင့် WINDOM တွင် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးစင်တာများ ဖွင့်လှစ်ရန် [https://www.fema.gov/my/press-release/20240912/disaster-recovery-centers-open-waseca-and-windom] Release Date: စက်တင်ဘာလ 12, 2024 ST. PAUL – ဇွန်လ 16 ရက်မှ ဇူလိုင်လ 4 ရက်အထိ ဖြစ်ပွားခဲ့သော ပြင်းထန်သော မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုအပြီး ဒေသခံများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် ကူညီရန် FEMA/ပြည်နယ် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး စင်တာများကို Waseca နှင့် Windom မြို့တို့တွင် 2024 ခုနှစ် စက်တင်ဘာလ 13 ရက်၊ သောကြာနေ့မှ စက်တင်ဘာလ 27 ရက် သောကြာနေ့အထိ ဖွင့်လှစ်ပါမည်။  FEMA၊ Minnesota ပြည်နယ်နှင့် အမေရိကန်ပြည်ထောင်စု အသေးစား စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲရေးဌာနတို့မှ ကျွမ်းကျင်သူများသည် ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအနေဖြင့် ဖက်ဒရယ် ဘေးအန္တရာယ် ထောက်ပံ့ကြေးကိုလျှောက်ထားခြင်း၊ စာရွက်စာတမ်းများ အပ်လုဒ်လုပ်ခြင်း၊ ၎င်းတို့၏ မေးခွန်းများကို လူကိုယ်တိုင် ဖြေကြားခြင်း၊ ရရှိနိုင်သော အခြားအကူအညီ အမျိုးအစားများ ရယူခြင်းနှင့် သူတို့၏ ပိုင်ဆိုင်မှုများကို ဘေးအန္တရာယ်ဒဏ် ပိုမိုခံနိုင်စေရန် ပြုလုပ်ရေး လေ့လာသင်ယူခြင်းများတွင် အကူအညီပေးရန် စင်တာများတွင် ရှိနေပါမည်။ ဤစင်တာများကို  အောက်ဖော်ပြပါ တည်နေရာများ၊ နေ့ရက်များနှင့် အချိန်နာရီများတွင် ဖွင့်လှစ်ပါမည်-   COTTONWOOD ကောင်တီ ရုံး အဆောက်အအုံ 41385 U.S. Hwy 71၊ Windom၊ MN 56101၊ အချိန်- တနင်္လာနေ့မှ သောကြာနေ့အထိ။ နံနက် 9 နာရီမှ ညနေ 6:30 နာရီ။ စနေနေ့။ နံနက် 9 နာရီမှ ညနေ 4 နာရီ။ တနင်္ဂနွေနေ့များ ပိတ်ပါသည် WASECA အများပြည်သူ ဘေးကင်းလုံခြုံရေး စင်တာ 303 S. State St.၊ Waseca၊ MN 56093၊ အချိန်- တနင်္လာနေ့မှ သောကြာနေ့အထိ။ နံနက် 9 နာရီ – ညနေ 6:30 နာရီ၊ စနေနေ့။ နံနက် 9 နာရီ – ညနေ 4 နာရီ။ တနင်္ဂနွေနေ့များ ပိတ်ပါသည် ဤစင်တာများကို စက်တင်ဘာလ 27 ရက်၊ 2024 ခုနှစ်တွင် အပြီး ပိတ်သိမ်းပါမည်။ ထပ်တိုး စင်တာများကို ပြည်နယ်အနှံ့ ဖွင့်လှစ်ထားသည်။ သင်နှင့် အနီးဆုံးစင်တာကို ရှာဖွေရန် FEMA.gov/DRC [https://egateway.fema.gov/ESF6/DRCLocator] တွင် ဝင်ရောက်လေ့လာပါ။ ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများသည် ထောက်ပံ့ကူညီမှုများရယူရန်အတွက် မည်သည့် စင်တာသို့မဆို သွားရောက်နိုင်ပါသည်။ FEMA ထောက်ပံ့ကြေးကို မလျှောက်ထားရသေးသော ဘေးအန္တရာယ်မှ လွတ်မြောက်သူများသည် DisasterAssistance.gov [http://secure-web.cisco.com/1JwxQ1ApYAWu4elbjBo62ZMHRQ9c5fpKPS1AR5whdr-sjavmmTfrk-h0dEqv4YkRXcu0xLzjlW5EOE5i7MCBje-r4NOvy-VUSVCsF52VDSqqtNoUUlExJuBy-G2wKq7TpJsQW3SkyZRHfFvZyJUiV6KFbllI-zs3SMhcz_9hF-_X1DALaEviBLpp9N1KsZ2UtHduRW5-d3fSIPgh9jikah79wvkGB0lrLv2K7k1zI7yK4sHhMz7wOSx2kW_Gr0pUU8OPpkbo0CJdOnmPC83MMr5-dI9rvFy7ZmuoF1moManUuay-gSBER9Rkh9YlZwc55lVClRX7pPUWvCmcpuB0rAQxoK5772eiNZY50rgmgO34l3U6KNjw3wNfFBid-h25qVnBU4FPgHOCn-FzIYzWrfjJoJfJlNIWcT0LEfr9hvnM/http%3A%2F%2Fwww.disasterassistance.gov] တွင် အွန်လိုင်းမှ လျှောက်ထားနိုင်သည်။ ဖုန်းတွင် FEMA အက်ပ် [https://www.fema.gov/about/news-multimedia/mobile-products] ကို အသုံးပြုနိုင်သည်။ သဘာဝဘေးပြန်လည်ထူထောင်ရေးစင်တာ [https://egateway.fema.gov/ESF6/DRCLocator] သို့ သွားရောက်နိုင်သည် သို့မဟုတ် 800-621-3362 သို့ ဖုန်းခေါ်ဆိုနိုင်ပါသည်။ အကယ်၍ သင်သည် ဗီဒီယိုတစ်ဆင့်ခံဝန်ဆောင်မှု၊ စာသားထည့်ပေးသည့် တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားအရာများ အသုံးပြုပါက သင်လျှောက်ထားချိန်တွင် အဆိုပါဝန်ဆောင်မှုရရှိရန် သင့်နံပါတ်ကို FEMA အား ပေးအပ်ပါ။ FEMA ထောက်ပံ့ကြေးကို လျှောက်ထားရန် နောက်ဆုံးရက်မှာ စက်တင်ဘာလ 27 ရက်၊ 2024 ခုနှစ်ဖြစ်သည်။ Minnesota တွင် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များအတွက် www.fema.gov/disaster/4797 [http://www.fema.gov/disaster/4797] သို့ သွားပါ။