MINNESOTA အသက်ရှင်ကျန်ရစ်သူများ- FEMA နှင့် ဆက်သွယ်ပါ [https://www.fema.gov/my/press-release/20240823/minnesota-survivors-stay-touch-fema] Release Date: သြဂုတ်လ 23, 2024 ST. PAUL – ပြည်ထောင်စု အကူအညီကို လျှောက်ထားသော Minnesota ရှိ နေထိုင်သူများသည် FEMA နှင့် နောက်ဆက်တွဲလုပ်ဆောင်ရန်နှင့် ၎င်းတို့၏ လျှောက်လွှာကို ရှေ့သို့ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် နောက်ထပ် အချက်အလက်များ သို့မဟုတ် စာရွက်စာတမ်းများ ပေးဆောင်ရန် လိုအပ်နိုင်သည်။ ဇွန်လ 16 ရက်မှ ဇူလိုင်လ 4 ရက်အထိ ဖြစ်ပေါ်ခဲ့သော မုန်တိုင်များနှင့် ရေကြီးရေလျှံမှုအပြီး ပြန်လည်ထူထောင်ရေး အကူအညီဆက်လက်လိုအပ်နေပြီး မလျှောက်ထားရသေးသည့်သူများသည်လည်း လျှောက်ထားချိန်ရှိပါသေးသည်။ အာမခံရှိသော လျှောက်ထားသူများ သင်က FEMA နှင့် လျှောက်ထားပြီး သင့်အိမ် ပျက်စီးမှုအတွက် အာမခံရှိကြောင်း တင်ပြထားပါက သင်က အာမခံကြေး ထုတ်ပေးသည့်စာ သို့မဟုတ် ငြင်းဆိုလွှာကို FEMA သို့ တင်ပြရန် လိုပါမည်။ ဥပဒေအရ အခြားအရင်းအမြစ်များဖြင့် လွှမ်းခြုံမှုရှိသည့် ဆုံးရှုံးမှုများအတွက် အကျိုးခံစားခွင့်များကို FEMA က ထပ်မံမပေးနိုင်ပါ။  ကနဦး FEMA ဆုံးဖြတ်ချက်ကို အယူခံဝင်သည့် လျှောက်ထားသူများ သင်၏ FEMA စာကို သေချာဖတ်ပါ- သင်က FEMA ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ရန် ရွေးချယ်ပါက ၎င်းက ပေးပို့ရန် လိုအပ်သည့် အချက်အလက်များနှင့် ပတ်သက်၍ အချက်အလက်များ ထပ်မံပေးပါမည်။ သင့်တွင် ထိုသို့လုပ်ဆောင်ရန် သင့်စာပါရက်စွဲမှ ရက်ပေါင်း 60 အထိ အချိန်ရှိသည်။ သင်က FEMA သို့ စာရွက်စာတမ်းများကို နည်းလမ်းများစွာဖြင့် ပေးပို့နိုင်ပါသည်။  * အွန်လိုင်း- သင်၏ FEMA အွန်လိုင်း အကောင့်ကို အသုံးပြုပါ။ FEMA အွန်လိုင်း အကောင့်ဖွင့်ရန် DisasterAssistance.gov သို့ သွား၍ "အွန်လိုင်းမှ လျှောက်ထားမည်" (Apply Online) ကို နှိပ်ပြီး ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။  * စာတိုက်မှ- FEMA National Processing Service Center, P.O. Box 10055, Hyattsville MD 20782-7055 * ဖက်စ်ဖြင့်- 800-827-8112 Attention: FEMA  * လူကိုယ်တိုင်- သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး စင်တာတစ်ခုခုသို့ သွားပါ။ စင်တာကို ဤနေရာ fema.gov/DRC [http://www.fema.gov/drc] တွင် ရှာဖွေပါ။ သတိပေးချက်- လျှောက်လွှာပိတ်ရက်မှာ စက်တင်ဘာလ 27 ရက်၊ 2024 ခုနှစ် ဖြစ်သည် မလျှောက်ထားသေးသည့်သူများနှင့် ပြန်လည်ထူထောင်ရေး အကူအညီ လိုအပ်သည့်သူများအတွက် အွန်လိုင်းတွင် DisasterAssistance.gov [http://www.disasterassistance.gov] သို့ သွားခြင်း၊ FEMA မိုဘိုင်း အက်ပ် [https://www.fema.gov/about/news-multimedia/mobile-app-text-messages]ကို ဒေါင်းလုဒ်လုပ်ခြင်း သိုမဟုတ် ဖုန်းနံပါတ် 800-621-3362 တွင် FEMA ၏ အကူအညီပေးသည့်လိုင်းကို ခေါ်ဆိုခြင်းဖြင့် စတင်လျှောက်ထားပါ။ အကယ်၍ သင်သည် ဗီဒီယိုတစ်ဆင့်ခံဝန်ဆောင်မှု၊ စာတန်းထိုးပေးသည့် တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားအရာများ အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEM အား ပေးအပ်ပါ။ စက်တင်ဘာလ 27 ရက် နောက်ဆုံးထား၍ လျှောက်ထားပါ။ Minnesota တွင် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များအတွက် www.fema.gov/disaster/4797 [http://www.fema.gov/disaster/4797] သို့ သွားပါ။