FEMA ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာန (DRC) ကို လန်ဒန်ဒယ်ရီတွင် ဖွင့်လှစ် [https://www.fema.gov/my/press-release/20230728/fema-disaster-recovery-center-drc-opens-londonderry] Release Date: ဇူလိုင်လ 28, 2023 ဝစ်လစ္စတန်၊ ဗာမွန့်- ကပ်ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာန ကို လန်ဒန်ဘယ်ရီတွင် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ပြီး ရေလွှမ်းမိုးဒဏ်ခံရသည့် ဗာမွန့်တွင် နေထိုင်သူများအား ပြန်လည်ထူထောင်ရေး စတင်ရန်အတွက် ကူညီပါမည်။ ပူးတွဲ- DRC သည် ဗာမွန့်ပြည်နယ်၊ လန်ဒန်ဘယ်ရီနှင့် FEMA တို့အကြား ပူးပေါင်း ဆောင်ရွက်သည့် ယာယီဌာနဖြစ်ပြီး ကပ်ဘေးဒဏ်သင့်သူများ FEMA အကူအညီ လျှောက်ထားနိုင်ရန်၊ စာရွက်စာတန်းများ တင်ရန်နှင့် မေးခွန်းများကို လူကိုယ်တိုင် ဖြေကြားကူညီပေးရန် ကူညီပါမည်။  လန်ဒန်ဘယ်ရီဌာန တည်နေရာ- Flood Brook School 91 Vermont – 11 Londonderry, VT 05148 ဖွင့်လှစ်ထားပြီး ဌာနတည်နေရာများ- Waterbury Armory 294 Armory Drive Waterbury, VT 05676 ASA Bloomer Building 88 Merchants Row Rutland, VT 05701 Barre Auditorium 16 Auditorium Hill Barre, VT 05641 နေရာအားလုံးတွင် တစ်ပတ် ၇ ရက်၊ မနက် ၈ နာရီမှ ည ၇ နာရီအထိ ဖွင့်သည် ဌာနတည်နေရာအားလုံးသည် မသန်စွမ်းသူများ၊ လှုပ်ရှားရန် အကူအညီလိုအပ်သူများ ဝင်ရောက်နိုင်ရန် စီစဉ်ထားပြီး နည်းပညာအကူအညီများ ထားရှိပါသည်။ အကယ်၍ သင်သည် သင့်တင့်လျှောက်ပတ်သော ဝန်ဆောင်မှု အကူအညီ သို့မဟုတ် လက်ဟန်သုံး ဘာသာပြန်အကူအညီ လိုအပ်ပါက ၁-၈၃၃-၂၈၅-၇၄၄၈ (စပိန်ဘာသာအတွက် ၂ ကိုနှိပ်ပါ) ကို ဖုန်းခေါ်ပါ။ ယူအက်စ် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်မှုဌာန (SBA) မှ ကိုယ်စားလှယ်များလည်း ဤဌာနများတွင် ရှိနေပြီး SBA ၏ ကပ်ဘေးအတွက် အတိုးနိမ့် ချေးငွေများကို အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ လုပ်ငန်းငယ်များ၊ ကိုယ်ပိုင် ပရဟိတလုပ်ငန်းများက မည်သို့ လျှောက်ထားနိုင်ကြောင်း ရှင်းပြကြမည်ဖြစ်သလို ကပ်ဘေးဒဏ်ခံနိုင်ရည်ပိုရှိသော အိမ်များ ပြန်လည်ဆောက်လုပ်ရေး အတွက် သတင်းအချက်အလက်များ ဖြန့်ဝေပေးမည် ဖြစ်သည်။  FEMA အကူအညီလျှောက်ထားရန်အတွက် DRC ကို သင်က လူကိုယ်တိုင်လာရန် မလိုပါ။ ဌာနသို့ မလာဘဲ လျှောက်ထားလိုပါက FEMA အကူအညီလိုင်းသို့ ၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်၍ သော်လည်းကောင်း၊ အွန်လိုင်းတွင် DisasterAssistance.gov [http://www.disasterassistance.gov] သို့ သွား၍ သော်လည်းကောင်း၊ FEMA App [https://www.fema.gov/about/news-multimedia/mobile-products]  ကို ဒေါင်းလုဒ်လုပ်၍ သော်လည်းကောင်း လျှောက်ထားနိုင်သည်။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။  သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။