FEMA သည် သဘာဝဘေးမှ လွတ်မြောက်သူ အားလုံးကို တန်းတူညီမျှရနိုင်ခွင့်ပေးသည်။ [https://www.fema.gov/my/fact-sheet/fema-offers-equal-access-all-disaster-survivors-2] Release Date: ဇွန်လ 29, 2023 FEMA သည် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးဆိုင်ရာ အရင်းအမြစ်များနှင့် အကူအညီများကို အားလုံးတန်း တူညီမျှ ရရှိရန် ကတိပြုပါသည်။ သင့်ထံတွင် ရယူနိုင်ဖို့အတွက် လိုအပ်ချက်ရှိပါက FEMA အား အသိပေးပါ။ အရေးပေါ်စီမံခန့်ခွဲမှုမှာ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ပြင်ဆင်မှုနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ တုံ့ပြန်မှု ကဏ္ဍအားလုံးတွင် လူမှု အသိုင်းအဝိုင်းတစ်ခုလုံးကို ထည့်သွင်း ထားပါသည်။ FEMA သည် သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးတွင် သဘာဝဘေးမှ လွတ်မြောက်သူများကို တန်းတူရည်တူ ပါဝင်နိုင်ခွင့် မရှိအောင် တားဆီးသည့် အတားအဆီးများ ကို ဆက်လက် ဖြိုခွင်းလျက် ရှိပါသည်။ မသန်စွမ်းသူများနှင့် ကိုယ့်ဘာသာ ရပ်တည် နေထိုင်ရန် သို့မဟုတ် အခြားသူများနှင့် ဆက်သွယ်ရန် အကူအညီ ပစ္စည်းများနှင့် နေရသူများ လိုအပ်သည့် အဓိက အထောက်အကူ ပစ္စည်းများကို  သဘာဝဘေးအန္တရာယ်က  ဖယ်ရှား ဖျက်ဆီး ပစ်နိုင်ပါသည်။ ဥပမာ ထိုပစ္စည်းများတွင် ဘီးတပ် ကုလားထိုင်၊ စကူတာ၊ လမ်းလျှောက် အကူအညီပေးသော တွန်းလှည်း၊ CPAP စက်၊ နားကြားကိရိယာ၊ မျက်မှန် သို့မဟုတ် စခရင်ကို ဖတ်စက်တို့ ပါဝင်နိုင်သည်။ အချို့သူများသည် မသန်စွမ်းသော အခြေအနေ မရှိသော်လည်း ယာယီ သို့မဟုတ် ရေရှည် အပိုအကူ အညီအနည်းငယ် လိုအပ်တာမျိုး ရှိနိုင်ပါသည်။ သို့သော် သူတို့က အကူအညီတောင်းဖို့ မစဉ်းစားကြပါ။သင့်တွင် မသန်စွမ်းမှု သို့မဟုတ် အထူး အကူအညီများ လိုအပ်ပါက၊ အကူအညီကို လျှောက်ထားသည့်အခါ FEMA က သင့်ကို ဆက်သွယ်ရာမှာ  သင်၏ အထူးလိုအပ်ချက်များ ကို ရရှိအောင် သင့်တော်သော နေရာထိုင်ခင်း အထောက်အကူနှင့် ဘာသာ စကားလိုအပ်ချက်များ အကြောင်း မေးခွန်းများကို သေချာ အာရုံစိုက်ရန် လိုပါသည်။ သင်၏ အထောက်အကူ လိုအပ်ချက်များကို FEMA အား မည်သို့ အသိပေးမည်နည်း။ သင် သို့မဟုတ် သင့်အိမ်ထောင်စုရှိ မည်သူမဆို မသန်စွမ်းမှု သို့မဟုတ် ဘာသာစကား လိုအပ်ချက်များအပြင် FEMA နှင့် အပြန်အလှန် ဆက်သွယ်ဖို့ လိုအပ်ပါက သို့မဟုတ် မသန်စွမ်းမှုဆိုင်ရာ ဆုံးရှုံးမှုများ ပြန်လည်ရရှိရန် လိုအပ်ပါက FEMA သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အကူအညီ လျှောက်လွှာကို ဖြည့်စွက်သည့်အခါ သင့်လျော်သောမေးခွန်းများအတွက် “ဟုတ်ပါသည်” ဟုဖြေဆိုရန် အရေးကြီးပါသည်။ သဘာဝဘေးမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တစ်လျှောက်လုံး သင့်ကို ဘာတွေကူညီရန်လို အပ်သလဲ ဆိုသည်ကို ဖော်ထုတ်ဖို့ မေးခွန်းများကို မေးမည် ဖြစ်ပါသည်။ မေးခွန်းများသည် ပြန်အမ်းငွေ ရရှိနိုင်သော သင်နှင့် အကျုံးဝင်မည့် အခြား ဝန်ဆောင်မှုများကို ရရှိအောင် ဖော်ထုတ်ရာမှာလည်း ကူညီပေးပါမည်။ သင့်ကိုမေးနိုင်မည့် ဥပမာ မေးခွန်းများတွင် အောက်ပါတို့ပါဝင်ပါသည်။ * FEMA ဝန်ထမ်းများနှင့် ဆက်သွယ်ရန်(သို့မဟုတ် )FEMA အစီအစဥ်များကို ဝင်ရောက်ကြည့်ရှုရန် သင့်မှာ နေရာထိုင်ခင်း အထောက်အကူ လိုအပ်သည့် မသန်စွမ်းမှု သို့မဟုတ် ဘာသာစကား လိုအပ်ချက် ရှိပါသလား။ * သင် သို့မဟုတ် သင့်အိမ်ထောင်စုရှိ မည်သူမဆိုတွင် နေ့စဉ် နေထိုင်မှုဆိုင်ရာ လှုပ်ရှားမှုများကို လုပ်ဆောင်ဖို့  သို့မဟုတ် အထောက်အကူပြု ကိရိယာလိုသည့် မသန်စွမ်းမှု တစ်ခုရှိပါသလား။ * သင့်၏ မသန်စွမ်းမှုဆိုင်ရာ အထောက်အကူပြု ကိရိယာများ သို့မဟုတ် ကျန်းမာရေးအရ လိုအပ်သည့် စက်ကိရိယာများ၊ပစ္စည်းများ၊ထောက်ပံ့ရေးဝန်ဆောင်မှုများ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံး သွားခဲ့ ပါသလား။ FEMA တစ်ဦးချင်းစီအကူအညီကိုရနိုင်ဖို့ အတွက်American Sign Language ဗီဒီယိုကိုကြည့်ရန် FEMA အကူအညီကိုရယူဆက်သွယ်နိုင်မှု- မသန်စွမ်းသူများအတွက် အရေးကြီးသည့် မှတ်ပုံတင်ခြင်းဆိုင်ရာအကူအညီအချက်အလက်များ [https://www.youtube.com/watch?v=ZGi1h1R2CDI] မသန်စွမ်းသူများနှင့် ဘာသာစကား အကူအညီ သင်သည် မသန်စွမ်းမှု သို့မဟုတ် ဘာသာစကား လိုအပ်ချက်ကြောင့် အကူအညီ လျှောက်လွှာ တင်ရာတွင် အဆင်ပြေသည့်နေရာထိုင်ခင်း သို့မဟုတ် အကူအညီလိုအပ်ပါက လျှောက်ထားသည့်အချိန် သို့မဟုတ် အချိန်မရွေး အကူအညီလုပ်ငန်းစဉ်မှ တဆင့် FEMA ကိုတောင်းဆိုနိုင်ပါသည်။ * FEMA Helpline 800-621-3362  ကိုခေါ်ဆိုပါ။ သင်သည် ဗီဒီယို ထပ်ဆင့်လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းထိုး တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားအရာများကို အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်ဖုန်းနံပါတ်ကို FEMA ကို ပေးပါ။ * FEMA သည် စကားပြန်များ၊ အချိန်နှင့် တပြေးညီ စာတန်းထိုးခြင်းနှင့် အချက်အလက်များကို မျက်မမြင်စာ၊ စာရွက်အကြီးဖြင့် ထုတ်ပေးခြင်း၊ အသံနှင့် အီလက်ထရွန်းနစ်ဗားရှင်းများ ကဲ့သို့သော အခြားပုံစံများဖြင့် ပံ့ပိုး ပေးနိုင်ပါသည်။ * အေဂျင်စီသည် သဘာဝဘေးမှ လွတ်မြောက် လာသူများအား ၎င်း၏ ဝန်ထမ်းများနှင့် ဆက်သွယ်ပြောဆိုရန်နှင့် FEMA အစီအစဉ်များကို နားလည်စေရန် အခမဲ့ဝန်ဆောင်မှုများကိုလည်း ပေးပါသည်။ ထိုအထောက်အကူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်  * သတင်းအချက်အလက်များကို လက်လှမ်းမီ လွယ်ကူသော အွန်လိုင်းပုံစံဖြင့် FEMA ၏ ဝဘ်ဆိုဒ်နှင့် ဆိုရှယ်မီဒီယာတွင် ရယူ ကြည့်ရှုနိုင်ခြင်း * အရည်အချင်းပြည့်မီသော အမေရိကန် American Sign Language စကားပြန်များ * အရည်အချင်းပြည့်မီသော ဘာသာစကား ပေါင်းစုံ စကားပြန်များ * ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော အချက်အလက်များ ဘယ်လို လျှောက်ထားမလဲ လျှောက်ထားရန် အမြန်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းမှာ သဘာဝဘေးအန္တရာယ် အကူအညီ(DisasterAssistance.gov) သို့ [https://www.disasterassistance.gov/] သွားရောက်ခြင်း သို့မဟုတ် စမတ်ဖုန်းက တဆင့် သို့မဟုတ် ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်မှ အက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း [https://edit.fema.gov/about/news-multimedia/mobile-products]သို့မဟုတ် သင့် မိုဘိုင်းလ်ဖုန်း၏ အပလီကေးရှင်းစတိုးမှ တစ်ဆင့် လျှောက်ထားခြင်း ဖြစ်ပါသည်။ အွန်လိုင်းတွင် လျှောက်ထားရန် မဖြစ်နိုင်ပါက  FEMA Helpline 800-621-3362 ကိုခေါ်ဆိုပါ။ သင်သည် ဗီဒီယို ထပ်ဆင့်လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းထိုး တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားအရာများ ကို အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်ဖုန်းနံပါတ်ကို FEMAကို ပေးပါ။ အကူအညီတောင်းသည့်အခါတွင် အောက်ပါအချက်အလက်များကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားပါ။ * သဘာဝဘေးကြောင့်ပျက်စီးသွားသော သင့်အိမ်၏စာပို့ သင်္ကေတနှင့် လိပ်စာ * ထိခိုက်ပျက်စီးနေသော သင်၏ အိမ်အခြေအနေ ပါဝင်နိုင်သည့် သဘာဝ ဘေးအန္တရာယ်ကြောင့် သင်၏ နစ်နာဆုံးရှုံးမှုများအကြောင်း ဖော်ပြချက် * ရရှိနိုင်ပါက သင်၏ အာမခံဆိုင်ရာ အချက်အလက်များ *  Social Securityနံပါတ် * သင့်ကို ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် * ပေးပို့သည့် သတိပေး အကြောင်းကြားချက်များ ကို လက်ခံရရှိရန် အိမ်လိပ်စာ သို့မဟုတ် အွန်လိုင်းဖြင့် သတိပေးအကြောင်းကြားချက်များကို လက် ခံ ရရှိနိုင်သည့် အီးမေးလ်လိပ်စာ