FEMA အကူအညီသည် မီးပြင်းဖို ပြုပြင် သို့မဟုတ် အစားထိုးရန် ကူညီပေးနိုင်သည် [https://www.fema.gov/my/fact-sheet/fema-assistance-can-help-repair-or-replace-furnaces] Release Date: အောက်တိုဘာလ 19, 2021 သင်သည် အိမ်ပြင်ရန်အတွက် FEMA အကူအညီရရှိသူ အိမ်ပိုင်ရှင်ဖြစ်ပါသလား။ ဟာရီကိန်းအိုင်ဒါကြောင့် သင်၏မီးပြင်းဖို ပျက်စီးကြောင်း တွေ့ရှိရပါသလား။ သင်၏မီးပြင်းဖိုသည် အာမခံအောက်တွင် အကျုံးမဝင်ပါက FEMA သည် ယင်းကို ပြင်ဆင်ရန် သို့မဟုတ် အစားထိုးရန်အတွက် အပိုဆောင်းအကူအညီပေးနိုင်ပါသည်။ သို့သော် သင်က FEMA သို့တောင်းခံလွှာရေးရမည်ဖြစ်ပြီး စိစစ်၍ရနိုင်သော ခန့်မှန်းကုန်ကျစရိတ် သို့မဟုတ် ပြင်ဆင်သည့် ပြေစာကို ထည့်သွင်းဖော်ပြရပါမည်။ FEMA သည် မီးပြင်းဖိုအတွက် အမှန်တကယ်ကုန်ကျသည့် ပြေစာမှ ကုန်ကျစရိတ် သို့မဟုတ် ခန့်မှန်းကုန်ကျစရိတ်ကို ထောက်ပံ့ပေးနိုင်ဖွယ်ရှိပါသည်။ သင်က မီးပြင်းဖိုကို ပြင်ဆင် သို့မဟုတ် အစားထိုးရပါက အကျုံးဝင်သည့် ခန့်မှန်းကုန်ကျစရိတ် သို့မဟုတ် ပြေစာကို အယူခံလွှာဖြင့် ပေးပို့ရပါမည်။ အကူအညီအတွက် လျှောက်ထားချိန်တွင် ဟာရီကိန်းကြောင့် မီးလင်းဖိုပျက်ဆီးမှုကို ထည့်သွင်းရေးသားကြောင်း သေချာပါစေ။ BRONX, KINGS, NASSAU, QUEENS, RICHMOND, ROCKLAND, SUFFOLK, AND WESTCHESTER ကောင်တီများတွင် နေထိုင်သည့် သတ်မှတ်ချက်ပြည့်မီသူများအတွက် ထောက်ပံ့ငွေ ရရှိနိုင်ပြီး ယင်းသည် ဟာရီကိန်း အိုင်ဒါ ဘေးအန္တရာယ်ဆိုင်ရာ ကြေငြာချက်တွင် ထည့်သွင်းထားပါသည်။ ပိုင်ရှင်ကိုယ်တိုင်နေထိုင်သော ပင်မ နေအိမ်များ အတွက်သာ အကူအညီပေးနိုင်ပါသည်။ အပန်းဖြေအိမ်များနှင့် ဒုတိယနေအိမ်များ အကျုံးမဝင်ပါ။ အာမခံမရှိသော သို့မဟုတ် အာမခံနည်းသောပစ္စည်းများနှင့် ဘေးအန္တရာယ်ကြောင့် ကုန်ကျ စရိတ်များ ကျခံရသည့် အိမ်ရှင်များအတွက်သာ အိမ်ပြုပြင်ခြင်း အထောက်အပံ့ ရနိုင်မည်ဖြစ်ပြီး နေအိမ်များ လုံခြုံ၊ သန့်ရှင်းပြီး နေထိုင်နိုင်သည့် အခြေအနေသို့ရောက်ရှိရန် ရည်ရွယ်ကူညီခြင်း ဖြစ်သည်။ အချို့ FEMA အကူအညီများသည် မိမိ၏ မူရင်းနေထိုင်သည့်အိမ်တွင် အခြားသော အဆောက်အအုံများအတွက်လည်း အကျုံးဝင်ရာ ရေတွင်း၊ မိလ္လာစနစ်၊ ရေအပူပေးစက်နှင့် အခြားလျှပ်စစ်ပစ္စည်းများလည်း ပါဝင်သည်။ သတိပြုရန် - သင်သည် FEMA ဆုံးဖြတ်ချက်စာ နေ့စွဲမှ ရက်ပေါင်း ၆၀ အတွင်း အယူခံလွှာကို ရေးသားပေးပို့ ရပါမည်။ သင်၏အယူခံလွှာတွင် အထောက်အထားမှတ်တမ်းများဖြစ်သည့် စိစစ်နိုင်သော ပြင်ဆင်ထားသည့် ပြေစာလက်ခံ သို့မဟုတ် ခန့်မှန်းခြေကုန်ကျစရိတ်၊ ပြင်ဆင်သူ၏ ခန့်မှန်းခြေကုန်ကျစရိတ် သို့မဟုတ် အခြားသော အထောက်အထားများကို ပူးတွဲပေးပို့ရမည်။ FEMA သို့ သင်၏အယူခံလွှာကို ပေးပို့ပြီးပါက FEMA ကလက်ခံရရှိပြီး ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ်ချက် စာကို လက်ခံရရှိပါမည်။ သင်၏အယူခံလွှာကို မည်သို့ပေးပို့ရမည့်အကြောင်း မေးခွန်းများရှိပါက ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာ– DRC Locator (fema.gov) [https://egateway.fema.gov/ESF6/DRCLocator] – တွင် ဝင်ကြည့်ပါ သို့မဟုတ် FEMA အကူအညီ ၈၀၀-၆၂၁-၃၃၆၂  ကိုခေါ်ပါ။ အကယ်၍ သင်က ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ် (VRS)၊ စာသားပါဖုန်းအစီအစဉ် သို့မဟုတ် တခြားစနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။ အကူအညီ အော်ပရေတာများသည် မနက် ၈ နာရီမှ ည ၇ နာရီအထိ တစ်ပတ် ၇ ရက် ဖွင့်ထားပါသည်။ စပိန်ဘာသာစကား အတွက် ၂ ကိုနှိပ်ပါ။ သင့်ဘာသာစကားပြောသည့် ဘာသာပြန်ရရန် ၃ ကိုနှိပ်ပါ။ ဘေးအန္တရာယ်ဆိုင်ရာ အကူအညီလျှောက်ထားရန်အတွက် အရေးပေါ်အကူအညီသို့ ဖုန်းခေါ်ခြင်း၊ DisasterAssistance.gov [http://www.disasterassistance.gov/] သို့ ဝင်ရောက်ခြင်း သို့မဟုတ် FEMA မိုဘိုင်းအက်ပ်ကို အသုံးပြုခြင်းတို့ ပြလုပ်နိုင်သည်။ အိုင်ဒါကြောင့် တရားစွဲဆိုမှုများ ရင်ဆိုင်နေရသည့် ဝင်ငွေနိမ့်သူများသည် အကြံဉာဏ်များအတွက် ၈၈၈-၃၉၉-၅၄၅၉ သို့ အခမဲ့ဖုန်းခေါ်နိုင်သည်။ အကယ်၍ သင်အား တရားဥပဒေအကျိုးဆောင်က ဆက်သွယ်လာစေလိုပါက https://nysba.org/ida တွင် ပုံစံကိုဖြည့်သွင်းပါ။ ရရှိနိုင်သည့် တရားဥပဒေ ဆိုင်ရာ အကူအညီများတွင် အောက်ပါတို့ ပါဝင်သည်- * အိမ်ရှင်-အိမ်ငှားပြဿနာအတွက် ဆွေးနွေးတိုင်ပင်ခြင်း * အိမ်ပြင်သည့် စာချုပ်နှင့် ကွန်ထရက်တာများနှင့်ပတ်သက်ပြီး အကူအညီ * ဈေးမြှင့်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းဖြစ်စဉ်တွင် ကွန်ထရက်တာများ၏ လိမ်ညာမှုများ အစရှိသည့် ကိစ္စရပ်များမှ အကာအကွယ် * အစိုးရအထောက်အပံ့များ ရရှိရေးအကူအညီ * အသက်အာမခံ၊ ဆေးအာမခံနှင့် ပိုင်ဆိုင်မှု အာမခံတောင်းဆိုမှုဆိုင်ရာ အကူအညီ * အိမ်ချေးငွေမဆပ်နိုင်၍ ဘဏ်မှသိမ်းယူခြင်းပြဿနာဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း ထပ်ဆောင်း အွန်လိုင်းအရင်းအမြစ်များနှင့် FEMA လက်ကမ်းစာစောင်များကို DisasterAssistance.gov [http://www.disasterassistance.gov/] တွင် ကြည့်ပြီး "Information" ကိုနှိပ်၍ အချက်အလက်ရယူပါ။ ကွန်မြူနတီအခြေပြု လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အေဂျင်စီများသို့ လွှဲစာများအတွက် https://www.211nys.org/contact-us သွားပါ သို့မဟုတ် ၂၁၁ ကိုခေါ်ပါ။ နယူးယောက်တွင် နေထိုင်သူများ ၃၁၁ ကို ခေါ်ပါ။ နယူးယောက်၏ ဟာရီကိန်း အိုင်ဒါ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များ အတွက် fema.gov/disaster/4615 [http://www.fema.gov/disaster/4615] တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 [https://twitter.com/femaregion2] နှင့် www.facebook.com/fema [https://u7061146.ct.sendgrid.net/ls/click?upn=TeZUXWpUv-2B6TCY38pVLo9jw1V-2Bo5zjnJlDYvuv2Uss9fUVdD4qLUR5g5P6aeNyAlWOKN_LMDzpl4Nq0l0W7twxHuEzy-2BkxlPg1d7K-2BpAa67OMQF5aA3Z72-2FXM6Bwrk4PgC4ALq-2FN1KZFbq0dIvnjAHIkenOosVeIy4jryNdFhuuVQTvMNeSZQoq3SlT5fPNb9sLEVqccFjBpGLgekSvXV4V4hRGXKdRoDwH7rTrfqYkkwnBGBQ7mTam70ypCa7vTSGgQPx3VU-2BsGnPThHbfDLBkZWFlMiQwx8seofD3qtXHJlJ4IB4EF6LVlCG5HnEzQtAAkMrLOBTy9t4Vb7B3fmmefuNpMnUhT-2Fjwku7Jg2LYMW7EUDxOK70xI4UAjuhp332OxfRqkwLThQXmMBpNL4AL1zHZnUDpnOkYUu-2B-2BxUfTtmne8-3D] တွင် ကြည့်ပါ။